Health: ကျောက်ကပ်မှာ ကျောက်တည်နေရင် ဖြစ်တတ်တဲ့ လက္ခဏာ (၈) ခု

နံရိုးအောက်ဘက်နဲ့ ဘေးဘက်တွေ နာကျင်ပါတယ်။

play

 

ရေဓာတ်နည်းတာ၊ ဆိုဒီယမ်စားသုံးမှု များတာ၊ သွေးတိုးရှိတာ၊ ဆီးချိုသွေးချို ရှိတာတွေနဲ့ စတဲ့ အကြောင်းတွေကြောင့် ကျောက်ကပ်မှာ ကျောက်တည်တာတွေ ဖြစ်တတ်ပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်ရင် ခန္ဓာကိုယ်မှာ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

play

 

၁ - ဗိုက်အောက်ပိုင်း ဆီးအိမ်နားက စူးအောင့်တာတွေ၊ နာကျင်တာတွေဖြစ်ပါတယ်။

၂ - နံရိုးအောက်ဘက်နဲ့ ဘေးဘက်တွေ နာကျင်ပါတယ်။

၃ - စူးအောင့်တာတွေ၊ နာကျင်တာတွေအပြင် မအီမသာဖြစ်တာတွေနဲ့ အော့အန်တာတွေ ဖြစ်ပါတယ်။

၎ - ဆီးသွားတဲ့အခါ စူးအောင့်နာကျင်တာတွေ ဖြစ်ပါတယ်။

play

 

၅ - ဆီးသွားတဲ့အခါ သွေးပါတယ်။

၆ - ဆီးက အနံ့မကောင်းတာ၊ အရောင်တွေပါနေတာမျိုး ဖြစ်တတ်ပါတယ်။

၇ - ဆီးသွားရတာ ခက်ပါတယ်။

၈ - ခဏခဏ ဆီးသွားချင်ပါတယ်။

***အထက်ပါလက္ခဏာတွေဖြစ်ရင် ဆရာဝန်တွေနဲ့ အမြန်ဆုံးပြသင့်ပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ