Health: စိတ်ဖီးစီးမှုကြောင့် သင့်အသားအရေမှာ ဖြစ်လာနိုင်တဲ့ ပြဿနာ (၃) ခု

ဟော်မုန်းတစ်မျိုးကို ခန္ဓာကိုယ်က ထုတ်လုပ်ပေးတာကြောင့် ဖြစ်ပါတယ်။

play


စိတ်ဖိစီးတာဟာ ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်ပါတယ်။ စိတ်ဖိစီးတဲ့အခါ သင့်မျက်နှာနဲ့ သင့်အရေပြားမှာ ဖြစ်တတ်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁ - ဝက်ခြံ

play

 

စိတ်ဖိစီးမှုတွေများတဲ့အခါ မျက်နှာမှာ အဖုလေးတွေနဲ့ ဝက်ခြံတွေ ထွက်လေ့ရှိပါတယ်။ အရေပြားမှာ အဆီထွက်မှုများစေတဲ့ ဟော်မုန်းတစ်မျိုးကို ခန္ဓာကိုယ်က ထုတ်လုပ်ပေးတာကြောင့် ဖြစ်ပါတယ်။

၂ - အသားအရေခြောက်

play


စိတ်ဖိစီးမှုများတဲ့အခါ ဟော်မုန်းတွေထွက်လာပြီး သွေးလည်ပတ်မှုကို အားနည်းစေပါတယ်။ အရေပြားကို အဟာရထောက်ပံ့မှုနည်းပြီး အသားအရေခြောက်သွေ့မှု ဖြစ်လာပါတယ်။

၃ - မျက်ကွင်းညို

play


မျက်နှာကို သွေးလျှောက်မှုနည်းလာပြီး အမြဲတမ်းနွမ်းနယ်နေသလို ဖြစ်လာပါတယ်။ မျက်ကွင်းညိုတာတွေ ဖြစ်လာပါတယ်။ အထူးသဖြင့် စိတ်ဖိစီးပြီး အိပ်ရေးပျက်တာကြောင့်ပါ။ နဂိုကတည်းက မျက်ကွင်းညိုတယ်ဆိုရင် ပိုသိသာလာပါတယ်။
Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ