Health: ဘယ်အချိန်တွေမှာ သွားတိုက်သင့်သလဲ

အစာစားပြီးပြီးချင်း သွားတိုက်တာဟာ မှားယွင်းမှုတစ်ခုအဖြစ် သွားဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

  play


မိဘတွေက ကလေးတွေကို အစာစားပြီးတိုင်း သွားတိုက်စေခြင်းဟာ သွားဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်အရ သတိပြုသင့်တဲ့ အလေ့အထ ဖြစ်လာပါတယ်။ အစာစားပြီးပြီးချင်း သွားတိုက်တာဟာ မှားယွင်းမှုတစ်ခုအဖြစ် သွားဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

play


အစားအစာ စားခြင်းဖြင့် ခံတွင်းထဲမှာ အက်စစ်ဓာတ်ကို ဖြစ်စေပါတယ်။ အဆိုပါ အက်စစ်ဓာတ်က သွားရဲ့ကြွေလွှာကို ယာယီအားဖြင့် ပျော့ပျောင်းသွားစေပါတယ်။ သွားရဲ့အပေါ်ယံကြွေလွှာတွေ ပျော့ပျောင်းနေစဉ်မှာ သွားတိုက်ခဲ့ပါက ကြွေလွှာပျက်စီးကာ သွားကိုထိခိုက်စေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

play


အစားအစာ စားခြင်းထက် သစ်သီးဖျော်ရည်တွေ သောက်ခြင်းက ခံတွင်းမှာ အက်စစ်ဓာတ်ပိုဖြစ်စေတာကြောင့် သစ်သီးဖျော်ရည်တွေ သောက်ပြီးပြီးချင်း သွားတိုက်ပါက သွားရဲ့အပေါ်ယံကြွေလွှာကို ပိုမို ပျက်စီးစေကြောင်းလည်း ကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။

play


နံနက်အိပ်ယာနိုးချိန်မှာ တတ်နိုင်သလောက် အမြန်ဆုံး သွားတိုက်သင့်ပြီး ညအိပ်ယာဝင်ချိန်မှသာ နောက်တစ်ကြိမ် သွားတိုက်သင့်ကြောင်း ဗြိတိန်မှ သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာဒီရွန်းဗင်းက အကြံပြုထားကြောင်း Daily Mail သတင်းမှာ ဖော်ပြပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ