Health: တစ်ပတ် ၁၂ နာရီကျော် လေ့ကျင့်ခန်းလုပ်ဖို့လို

ဗြိတိန်အစိုးရက သတ်မှတ်ထားတဲ့ အနည်းဆုံးလေ့ကျင့်ခန်းလုပ်ချိန်ထက် ငါးဆလောက် ပိုလုပ်သင့်တာလည်းဖြစ်ပါတယ်။

play

 

လူတစ်ဦးဟာ တစ်ပတ် ၁၂ နာရီကျော် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ဆီးချို၊ သွေးချို၊ နှလုံးရောဂါနဲ့ လေဖြတ်တာတွေကိုရှောင်ရှားနိုင်မယ့် အခွင့်အရေး ငါးဆလောက် ပိုရလာမှာ ဖြစ်တယ်လို့ သိရပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ အမေရိကန်နဲ့ သြစတြေးလျက သုတေသနအဖွဲ့တစ်ဖွဲ့ဟာ အဆိုပါ ရောဂါတွေ ဖြစ်နိုင်ခြေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းတို့ရဲ့သက်ရောက်ပုံတွေကို လေ့လာခဲ့ရာမှာ သာမန်လေ့ကျင့်ခန်းလုပ်တာထက် ငါးဆနဲ့ ခုနှစ်ဆကြားလုပ်တာဟာ အကောင်းဆုံးဖြစ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ဗြိတိန်အစိုးရက သတ်မှတ်ထားတဲ့ အနည်းဆုံးလေ့ကျင့်ခန်းလုပ်ချိန်ထက် ငါးဆလောက် ပိုလုပ်သင့်တာလည်းဖြစ်ပါတယ်။

play

 

သတ်မှတ်ထားတဲ့ လေ့ကျင့်ခန်းလုပ်ချိန်ဟာ တကယ့်လူနေမှုဘဝနဲ့ ကိုက်ညီခြင်းမရှိဘူးလို့လည်း ဝေဖန်ထားပါတယ်။ ဒါပေမဲ့ အဆိုပါသတ်မှတ်မှုဟာ လူတွေလေ့ကျင့်ခန်းပိုလုပ်ဖို့ထက် လေ့ကျင့်ခန်းလုံးဝမလုပ်ရာကနေ လုပ်လာဖို့ အာရုံစိုက်ထားတာဖြစ်တယ်လို့လည်း Daily Mail က ရေးသားထားပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ