Health: သုံးပြီးသားရေသန့်ဘူးမှာ ပိုးမွှားတွေ ဘယ်လောက်ရှိနေလဲ

စိုစွတ်မှုကို ကြိုက်တဲ့ ပိုးမွှားထောင်ပေါင်းများစွာနဲ့ ထိတွေ့နိုင်တယ်။

play

 

သုံးပြီးသားရေသန့်ဘူးထဲ ရေပြန်ထည့်ပြီး သောက်တာဟာ အိမ်သာခုံကို လျှာနဲ့လျက်တာထက် ဆိုးတယ်လို့ Daily Mail ရဲ့ ကျန်းမာရေးသတင်းတစ်ရပ်က ရေးသားထားပါတယ်။

သုံးပြီးသားရေသန့်ဘူးကိုသောက်တာဟာ စိုစွတ်မှုကို ကြိုက်တဲ့ ပိုးမွှားထောင်ပေါင်းများစွာနဲ့ ထိတွေ့နိုင်တာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာ စစ်ဆေးသုတေသနပြုတဲ့အဖွဲ့ဖြစ်တဲ့ EmLab P&K က တစ်ပတ်ကြာ အသုံးပြုထားတဲ့ ရေသန့်ဘူး ၁၂ ဘူးကို လေ့လာခဲ့တာဖြစ်ပြီး ပိုးမွှားအရေအတွက်ကို ကြောက်စရာကောင်းလောက်အောင် တွေ့ခဲ့တယ်လို့ သိရပါတယ်။

play

 

ရေသန့်ဘူးတစ်ဘူးရဲ့ ၁ စတုရန်းစင်တီမီတာမှာ ပိုးမွှားပေါင်း သုံးသိန်းကျော်ရှိပြီး ဘူးပုံစံအနေနဲ့ အမျိုးအစားလေးမျိုးကို လေ့လာခဲ့တာဖြစ်ပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ