Health: ခန္ဓာကိုယ်အင်္ဂါ လှူတယ်ဆိုတာ

, updated

ကိုယ်အင်္ဂါလှူဒါန်းမှု သုံးမျိုးရှိပါတယ်။

 

ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်နေ့ဟာ ကမ္ဘာ့ကိုယ်အင်္ဂါလှူဒါန်းမှုနေ့ ဖြစ်ပါတယ်။ ကိုယ်အင်္ဂါလှူဒါန်းမှုဟာ မွန်မြတ်တဲ့အလှူဖြစ်ပြီး အလှူခံပုဂ္ဂိုလ်ရဲ့အသက်ကိုတောင် ရှင်သန်နိုင်စေပါတယ်။

 

ကိုယ်အင်္ဂါလှူဒါန်းမှုဆိုတာ ကျန်းမာတဲ့ လူရဲ့ ကိုယ်အင်္ဂါနဲ့ တစ်ရှုးကို နောက်တစ်ယောက်ဆီ လွှဲပြောင်းပေးတာ ဖြစ်ပါတယ်။ အလှူရှင်တစ်ယောက်ဆီက ကိုယ်အင်္ဂါတွေဟာ လူပေါင်း ၅၀ လောက်ထိ ကယ်ဆယ်ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ အသည်း၊ နှလုံး၊ ကျောက်ကပ်၊ အဆုပ်နဲ့ စတဲ့ အဓိကကိုယ်အင်္ဂါတွေအားလုံး လှူလို့ရပါတယ်။ မွေးကင်းစကစပြီး အသက် ၇၅ နှစ်ထိ လှူလို့ရပြီး ဆရာဝန်တွေရဲ့ စစ်ဆေးမှုလိုပါတယ်။

ကိုယ်အင်္ဂါလှူဒါန်းမှု (၃) မျိုး

၁ - သက်ရှိ လှူဒါန်းမှု

အသက်ရှင်နေစဉ်မှာပဲ အသက်တစ်ချောင်းကို ကယ်တင်နိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။ အသက်ရှင်စဉ်မှာပဲ တိုက်ရိုက် လှူဒါန်းတာဖြစ်ပါတယ်။

၂ - သေဆုံးပြီး လှူဒါန်းမှု

အလှူရှင်သေဆုံးပြီးမှ လွှဲပြောင်းတဲ့ လှူဒါန်းမှုဖြစ်ပါတယ်။ ဦးနှောက်ဆဲလ်တွေ သေဆုံးပြီလို့ အတည်ပြုနိုင်ပြီး အသက်ကယ်နိုင်တဲ့ နည်းလမ်းတွေအားလုံး ကုန်ဆုံးသွားတဲ့အခါမှာ အလှူရှင်ကို သေပြီလို့ သတ်မှတ်ကာ လွှဲပြောင်းမှုတွေ လုပ်ပါတယ်။

၃ - VCA

 အရေပြားအစားထိုးတာ၊ မျက်နှာနဲ့လက်တွေ အစားထိုးတာမျိုး ဖြစ်ပါတယ်။ အစားထိုးမှုမှာ အရေပြား၊ အရိုး၊ ကြွက်သား၊ တစ်ရှုး စတဲ့ အရာတွေပါဝင်ပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ