Health: စားသောက်ဆိုင်မှာ ကျန်တဲ့ဟင်းတွေကို မှာစားနိုင်မယ့် အပ်ပလီကေးရှင်း

စားသောက်ဆိုင်တွေကလည်း လွှင့်ပစ်ရမယ့် ပစ္စည်းတွေဖြစ်တာကြောင့် ဒီလိုမျိုးပြန်လည်ရောင်းချခြင်းကနေ ကုန်ကျစရိတ်သက်သာတာ ဖြစ်ပါတယ်။

play


Too Good to Go  ဆိုတဲ့ အပ်ပလီကေးရှင်းဟာ အစားအသောက်တွေကို မှာယူနိုင်တဲ့ အပ်ပလီကေးရှင်း (App) ဖြစ်ပါတယ်။ ဒါပေမဲ့ တခြား App နဲ့ ကွဲတာက လွှင့်ပစ်ရမှာဖြစ်တဲ့ အစားအသောက်အကျန်တွေကို စားသောက်ဆိုင်တွေက မှာယူတဲ့ App ဖြစ်ပါတယ်။ အဆိုပါ App ကို စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်စုံတွဲတစ်တွဲက တီထွင်ခဲ့တာဖြစ်ပြီး ဒိန်းမတ်မှာ စတင်ခဲ့ပေမဲ့ ဗြိတိန်နိုင်ငံမှာပါ မိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။

play

 

App ကိုအသုံးပြုကာ တန်ဖိုးအလွန်နည်းတဲ့ဈေးနှုန်းနဲ့ အစားအသောက်တွေကို မှာယူနိုင်တာဖြစ်ပြီး စားသောက်ဆိုင်တွေကလည်း လွှင့်ပစ်ရမယ့် ပစ္စည်းတွေဖြစ်တာကြောင့် ဒီလိုမျိုးပြန်လည်ရောင်းချခြင်းကနေ ကုန်ကျစရိတ်သက်သာပါတယ်။

စားသောက်ဆိုင်တွေနဲ့ သဘောတူညီချက်တွေ ပြုလုပ်ထားပြီး ထုပ်ပိုးဖို့ပါကင်အတွက်ကို ထောက်ပံ့ပေးထားတယ်လို့ App ကို တီထွင်သူဝဲလ်ဆင်ခရမ်မီက ပြောထားပါတယ်။ App ရဲ့ရည်ရွယ်ချက်ဟာ အမြတ်အစွန်းရဖို့ မဟုတ်ဘဲ စားသောက်ဆိုင်တွေက နေ့စဉ်ထုတ်လုပ်နေတဲ့ ပိုလျှံအစားအသောက်တွေ အလကားမဖြစ်စေဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

Photos & Source:  The Evening Standard

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ