Health: အစာမှားပြီး မူးဝေအော့အန်နေရင် လုပ်သင့်တဲ့ အချက်(၆) ချက်

, updated

ပြင်းထန်တဲ့ အခါမျိုးမှာ ဆေးရုံ၊ဆေးခန်းကို ချက်ချင်းသွားသင့်ပါတယ်။

play

 

အစာမှားတဲ့အခါ မအီမသာဖြစ်တာ၊ မူးဝေတာ၊ အော့အန်တာနဲ့ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့ အခါမျိုးမှာ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းသွားသင့်ပြီး အစာအနည်းငယ်မှားကာ မူးဝေတာမျိုးလောက်ဆိုရင် အောက်ပါအချက်လေးတွေကို လုပ်သင့်ပါတယ်။

play

 

၁ - ရေကို တတ်နိုင်သလောက် များများသောက်ပါ။

၂ - အရက်၊ နွားနို့နဲ့ ကော်ဖီအပါအဝင် ကဖိန်းပါတဲ့ အရည်တွေကို ရှောင်ပါ။ အားဖြည့်အချိုရည်တွေမှာလည်း ကဖိန်းပါတတ်ပါတယ်။

၃ - ထမင်း၊ ငှက်ပျောသီးနဲ့ ပေါင်မုန့်တို့ကို  ဘာမှမရောဘဲ သူချည်းပဲ စားပေးသင့်ပါတယ်။

၎ - အဆီများပြီး အနံ့ပြင်းတဲ့ အစားအစာတွေ အားလုံးကို ရှောင်ပါ။

၅ - နံနံပင်လို ဟင်းခတ်အမွေးအကြိုင်တွေကို စားပေးပါ။ သူတို့မှာပါတဲ့ ဓာတ်ပစ္စည်းတွေက အစာဆိပ်သင့်မှုကို ပြေလျော့စေပါတယ်။

၆ - အတတ်နိုင်ဆုံးအနားယူပါ။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ