Health: ကလေးတွေရဲ့ မမှန်ကန်တဲ့ အစားအသောက်ပုံစံက နှလုံးကျန်းမာရေးကို ထိခိုက်နိုင်

ကလေးတစ်ယောက်ရဲ့ နှလုံးကျန်းမာရေးကောင်းမှုကို တိုင်းတာဖို့ အချက်ခြောက်ချက်ကို အသုံးပြုပါတယ်။

play

 

ကလေးတွေဟာ သရေစာတွေ၊ မသန့်ရှင်းတဲ့အစားအစာတွေနဲ့ ကြုံတဲ့အစားအစာတွေကို စားပစ်လေ့ရှိကြပါတယ်။

ဒီလိုမျိုးကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေကို စားခြင်းဟာ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပေါ်နိုင်တယ်လို့ သုတေသနတစ်ခုက တွေ့ရှိခဲ့ပါတယ်။ ဒါဟာ အဟာရပြည့်ဝမှု မရှိတဲ့အစားအစာတွေနဲ့ ကယ်လိုရီမြင့်မားတဲ့ အစားအစာတွေကို စားတာကြောင့်ဖြစ်ပါတယ်။

play

 

ကလေးတစ်ယောက်ရဲ့ နှလုံးကျန်းမာရေးကောင်းမှုကို တိုင်းတာဖို့ အချက်ခြောက်ချက်ကို အသုံးပြုပြီး ဆေးရွက်ကြီးနဲ့ပတ်သက်တဲ့ ပစ္စည်းများထိတွေ့အသုံးပြုခြင်း၊ တစ်နေ့ မိနစ် ခြောက်ဆယ်ခန့် ကိုယ်လက်လှုပ်ရှားမှုရှိခြင်း၊ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ထိန်းထားခြင်း၊ သွေးပေါင်ချိန်၊ သွေးဂလူးကို့စ်နဲ့ ကိုလက်စထရောအဆင့်တွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုမျိုး အလေ့အကျင့်တွေကို ဘဝရဲ့ အစောပိုင်းကတည်းက ရှိထားခြင်းဟာ ကြီးမားတဲ့ ကျန်းမာရေးအကျိုးအမြတ်တွေကို ရရှိနိုင်တယ်လို့ လေ့လာမှုကို ပြုလုပ်ခဲ့သူ Minnesota တက္ကသိုလ်မှ သုတေသနသမား ဂျူလီယာစတိန်းဘာဂါက ပြောကြားထားပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ