Health: လေဝင်လေထွက်မကောင်းတဲ့ အဝတ်အစားတွေဝတ်ရင် ပေါင်ခြံမှာ ပွေးပေါက်နိုင်

အရေပြား လိမ်းဆေးတွေကိုလည်း အလွယ်တကူ ဝယ်ယူမလိမ်းသင့်ဘူး။

play

 

ဆယ်ကျော်သက် အမျိုးသမီးအချို့မှာ လေဝင်လေထွက်မကောင်းတဲ့ အဝတ်အစားတွေ အဝတ်များရာက အရေပြားမှိုရောဂါတစ်မျိုးဖြစ်တဲ့ ပွေးပေါက်တာတွေ အဖြစ်များလာတယ်လို့ အရေပြားအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခိုင်ခိုင်ဇော်က ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

 ရာသီဥတုနဲ့ မကိုက်တဲ့ ဂျင်းဘောင်းဘီအရှည်နဲ့ အသားကပ်ဘောင်းဘီတွေကြောင့် လေဝင်လေထွက်မရှိဘဲ ခန္ဓာကိုယ်ကချွေးနဲ့ ပူနွေးစိုစွတ်ပြီး အခုလိုဖြစ်လာတာလို့ ဆိုပါတယ်။ ၁၆၊ ၁၇ အရွယ်မိန်းကလေးတွေမှာ ဖြစ်နေကြပြီး ရာသီဥတုကပူ၊ ချွေးကထွက်ပြီး လေဝင်လေထွက်မကောင်းတဲ့အခါ မှိုပိုးက ပိုပေါက်လွယ်တယ်လို့ ဒေါက်တာခိုင်ခိုင်ဇော်က ပြောပါတယ်။

အရေပြားလိမ်းဆေးတွေကိုလည်း အလွယ်တကူဝယ်ယူမလိမ်းသင့်ဘဲ အချို့ဆေးတွေက စတီးရွိုက်ပါတာကြောင့် အရေပြားရိတာတွေ၊ ပြဲတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Source: 7Day Daily
Photos : indiatodayin

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ