Health: ဝိတ်လျော့ဖို့ ကြိုးစားသူတွေမှာ ဝတဲ့သူငယ်ချင်းတွေ ပိုများလာတတ်

အသက် ၁၈ နှစ်ကနေ ၆၅ နှစ်ကြား လူပေါင်း ၉၃၃၅ ယောက်ကို သုတေသနပြုလုပ်ခဲ့ပါတယ်။

play

 

ဝိတ်လျှော့ဖို့ ကြိုးစားတဲ့လူတွေဟာ အချိန်ကြာလာတာနဲ့အမျှ ဝတဲ့ သူငယ်ချင်းတွေ ပိုများလာတယ်လို့ သိရပါတယ်။ ဒီလိုဝတဲ့ သူငယ်ချင်းတွေရှိတာဟာ ဝတဲ့သူတွေအတွက် သက်သောင့်သက်သာရှိတဲ့ ခံစားချက်မျိုးရှိတာကြောင့် ဖြစ်နိုင်တယ်လို့ သုတေသနတစ်ခုက ဆိုပါတယ်။

play

 

သုတေသနကို အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ် Baylor တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၁၈ နှစ်ကနေ ၆၅ နှစ်ကြား လူပေါင်း ၉၃၃၅ ယောက်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သုတေသနမှာ ပါဝင်သူတွေရဲ့ တစ်နှစ်အတွင်း လူမှုဆက်ဆံရေးအပြောင်းအလဲတွေနဲ့ ခန္ဓာကိုယ်ပုံစံတွေရဲ့ ဆက်နွယ်မှုကို လေ့လာခဲ့တာဖြစ်ပါတယ်။

ပါဝင်သူတွေကို သူတို့အပေါင်းအသင်းအများဆုံးလူလေးယောက်ရဲ့ ခန္ဓာကိုယ်အရွယ်အစားကို အကဲဖြတ်ခိုင်းတာတွေလည်း  လုပ်ခဲ့တယ်လို့ သိရပါတယ်။ ထင်မြင်ချက်ကိုသာ ယူခဲ့တာဖြစ်ပြီး လက်တွေ့တိုင်းတာတွေတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

လက်ရှိတွေ့ရှိချက်နဲ့ပတ်သက်ပြီး ဆက်လက်လေ့လာဖို့ လိုအပ်နေသေးတယ်လို့လည်း သုတေသနက ဖော်ပြခဲ့ပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ