Health: အသက် ၁၂၀ တိုင်အောင် ကျန်းမာနေတဲ့ ဆွာမိကြီး

, updated

သက်ရှည်ကျန်းမာရခြင်းရဲ့ လျှို့ဝှက်ချက်ကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

play

 

အိန္ဒိယနိုင်ငံက ဟိန္ဒူဘုန်းကြီး ဆွာမိ သိဗ္ဗနန္ဒ(Swami Sivananda)ကို ၁၈၉၆ ခုနှစ် သြဂုတ် ၈ ရက်မှာမွေးဖွားခဲ့တာကြောင့် ယခုဆို အသက် ၁၂၀ ရှိပါပြီ။ ကျန်းကျန်းမာမာနဲ့ရှိနေဆဲဖြစ်ကာ ယောဂလေ့ကျင့်မှုတွေလည်း နေ့စဉ်ပြုလုပ်လျက်ရှိပါတယ်။

play

 

ဆွာမိကြီးသိဗ္ဗနန္ဒဟာ အရပ် ၅ ပေ ၂ လက်မရှိကာ ယောဂကို နှစ်နာရီဆက်တိုက်ကျင့်ပြနိုင်ပါတယ်။ သူ့ရဲ့မျက်နှာက အသက် ၅၀ လို နုပျိုနေရခြင်းဟာ အစားအစာကို ရိုးရိုးရှင်းရှင်းပဲစားသုံးပြီး ဆီမပါဘဲစားတယ်လို ဆိုပါတယ်။ ယခုလိုအသက်ရှည်ရခြင်းဟာ နေ့စဉ်ယောဂကျင့်တာရယ်၊ လိင်မှုကိစ္စကင်းရှင်းတာရယ်ကြောင့် ဖြစ်တယ်လို့ ဆွာမိကြီးက ပြောပြပါတယ်။

play
ယင်းရဲ့ပတ်စ်ပို့ကို ပြသနေတဲ့ ဆွာမိကြီး။ ပတ်စ်ပို့ပေါ်မှာ မွေးသက္ကရာဇ်ကို ၈-၈-၁၈၉၆ လို့ ဖော်ပြထားပါတယ်။

 

ယခုဆို သူ့ရဲ့အသက်က ၁၂၀ ရှိပြီဖြစ်တာကြောင့် ဂင်းနစ်ကမ္ဘာ့စံချိန်ရဖို့ မျှော်မှန်းနေပါတယ်။ သက်ရှိထင်ရှားရှိနေဆဲ ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် မှတ်တမ်းတင်ခဲ့သူကတော့ ဂျပန်လူမျိုး ဂျီယိုအီမွန်း ကိမုရာဟာ အသက် ၁၁၆ နှစ်နဲ့ စံချိန်တင်ခဲ့ပေမဲ့ ၂၀၁၃ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Source : Daily Mail

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ