Health: စည်းကမ်းတင်းကြပ်တဲ့ မိဘတွေကြောင့် ကလေးတွေက လိမ်ညာတတ်သူတွေ ဖြစ်လာ

သူ့ရဲ့လေ့လာချက်တွေအရ စည်းကမ်းတင်းကြပ်လွန်းတဲ့ ကျောင်းက ကလေးတွေဟာ ပိုမိုလိမ်ညာတတ်တယ်လို့ ဆိုပါတယ်။

 

စည်းကမ်းတင်းကြပ်တဲ့ မိဘတွေဟာ ကလေးတွေကို အလိမ်အညာသမားတွေဖြစ်အောင် လုပ်နေပြီး လိမ်လည်ရာမှာလည်း ကလေးတွေဟာ ထိရောက်ပြီး ကျွမ်းကျင်သူတွေ ဖြစ်လာတယ်လို့ Daily Mail ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

အမှန်ကိုပြောလိုက်ရင် လုံခြုံတယ်လို့ မခံစားရအောင် မိဘတွေက ဖန်တီးလိုက်တာကြောင့် ဖြစ်တယ်လို့ စိတ်ပညာရှင် ဖီးလစ်ပါပယ်ရီက ပြောထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။ ကလေးတွေရဲ့ လိမ်ညာမှုတွေကို လေ့လာဖို့အတွက် စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တဲ့ ကနေဒါ စိတ်ပညာရှင် ဗစ်တိုးရီးယားတာဝါကလည်း အဆိုပါပြောကြားချက်ကို ထောက်ခံခဲ့ပြီး သူ့ရဲ့လေ့လာချက်တွေအရ စည်းကမ်းတင်းကြပ်လွန်းတဲ့ကျောင်းက ကလေးတွေဟာ ပိုမိုလိမ်ညာတတ်တယ်လို့ ဆိုပါတယ်။

ကလေးတစ်ယောက်ဟာ သူကြုံနေရတဲ့ အကြပ်အတည်းကထွက်ဖို့ လိမ်ညာတယ်ဆိုရင် ဒီဖြစ်စဉ်ဟာ ကလေးတစ်ယောက်တည်းမှာ တာဝန်မရှိဘဲ ပူးပေါင်းဖန်တီးလိုက်တဲ့ အခြေအနေသာဖြစ်တယ်လို့ ဆိုထားပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ