Health: မုန်လာဥနီဖျော်ရည် နေ့စဉ်သောက်ရင် ရမယ့် ကျန်းမာရေး အကျိုးကျေးဇူး (၈) ခု

မုန်လာဥနီဟာ သဘာဝက ပေးထားတဲ့ အကောင်းဆုံး ဆေးဘက်ဝင် စားစရာ တစ်မျိုးဖြစ်ပါတယ်။

play

 

မုန်လာဥနီဟာ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ ပုံမှန်ပါဝင်လေ့ရှိပေမဲ့ ပမာဏအားဖြင့် နည်းပါးစွာ စားသုံးရလေ့ရှိပါတယ်။ ကျန်းမာရေး ဂရုပြုသူတွေကတော့ မုန်လာဥနီဟာ ဆေးစွမ်းကောင်းတစ်လက်လို့ ယုံကြည်ထားတာပါ။

မုန်လာဥနီဖျော်ရည်ကို နေ့တိုင်းသောက်သင့်တဲ့ အကြောင်းပြချက် (၈) ခုရှိပါတယ်။

၁။ အသားအရေလှစေ

play

 

မုန်လာဥနီမှာ ဗီတာမင် အေ ပါလို့ အသားရေလှစေရုံသာမက နေလောင်ဒဏ်ကိုပါ ပျောက်ကင်းစေပါတယ်။

၂။ အသည်း အားကောင်း

သောက်တဲ့ ကိုကို၊ မောင်မောင်တွေလည်း မုန်လာဥနီရဲ့ သဘာဝအစွမ်းကို လိုအပ်ပါတယ်။ အသည်းမှာရှိတဲ့ အဆိပ်တွေကို သန့်စင်စေပါတယ်။

၃။ ကိုလက်စထရောကျစေ

မုန်လာဥနီက ဖိုက်ဘာဓာတ်ကြွယ်ဝတာကြောင့် မလိုအပ်တဲ့ အဆီပိုတွေကျဆင်းစေပါတယ်။

၎။ မျက်လုံးအားကောင်းစေ

play

 

 ဗီတာမင် အေ က အသားအရေလှစေရုံတင်မဟုတ်ဘဲ မျက်လုံးလည်း အားကောင်းစေပါတယ်။

၅။ အားပြန်ပြည့်စေ

သင့်ရဲ့ ခန္ဓာကိုယ်အားနည်းနေတဲ့ အခါ ချက်ခြင်း သိသိသာသာပြန်လည်အားကောင်းလာစေပါတယ်။သံဓာတ်ကြွယ်ဝတာကြောင့်ပါ။

၆။ ဇီဝဖြစ်စဉ် အထောက်အကူပြု

ခန္ဓာကိုယ်တွင်း လည်ပတ်နေတဲ့ ဇီဝဖြစ်စဉ် ကောင်းကောင်းလည်ပတ်ဖို့ကိုလည်း အထောက်အကူ ပြုပါတယ်။

၇။ နုပျိုစေ

မုန်လာဥနီဖျော်ရည်က အရွယ်တင်စေပါတယ်။ အကြောင်းကတော့ အသားအရေလှစေပြီး အရေပြားတွန့်တာကိုလည်း ကာကွယ်ပေးပါတယ်။

၈။ ကင်ဆာပျောက်စေ

play

 

မုန်လာဥနီကို ၈ နှစ်လောက် နေ့စဉ်သောက်ပြီး ကင်ဆာဆဲလ်တွေ အကုန်သေသွားတဲ့ လူနာတွေ ရှိခဲ့ဖူးပါတယ်။ အူမကင်ဆာ၊ ရင်သားကင်ဆာ စတာတွေကို ကာကွယ်ပေးပါတယ်။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ