Health: ဝိတ်လျှော့နေသူတွေ မှားယွင်းယူဆနေကြတဲ့ အယူအဆ (၅) ခု

ဒီအချက်တွေက ရုတ်တရက်တွေးရင် မှန်သလိုလို ရှိပေမဲ့ တကယ်တမ်းမှာ ဆေးပညာရှုထောင့်အရ မှားယွင်းနေပါတယ်။

 

ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဝိတ်ချရတဲ့ လုပ်ငန်းစဉ်ဟာ မလွယ်ကူလှပါဘူး။ အထူးသဖြင့် ဝိတ်ကျဖို့အတွက် နည်းလမ်းကောင်း များစွာရှိပေမဲ့ တကယ်တမ်း တစ်စိုက်မတ်မတ်လုပ်ဖို့အခါကျ အချိန်၊ လုံ့လ၊ ဇွဲ စတဲ့ အရာတွေ လိုအပ်ပါတယ်။

ဘယ်လို နည်းလမ်းနဲ့ပဲ ဝိတ်ချသည်ဖြစ်စေ ကိုယ်အလေးချိန် ကျဆင်းဖို့၊ သွယ်သွယ်လျလျ ဖြစ်စေဖို့အတွက် မှားယွင်းမှတ်ယူနေကြတဲ့ အယူအဆ အမှား (၅) ခုရှိပါတယ်။

၁။ တတ်နိုင်သလောက် အစားလျှော့ရမယ်

 

ဒါဟာ လုံးဝမှားယွင်းနေတဲ့ အယူအဆပါ။ အဆီများတဲ့ အစားအသောက်တွေလျှော့စားတာ ကောင်းပါတယ်။ ဒါပေမဲ့ သင့်ရဲ့ခန္ဓာကိုယ် ပုံမှန်လည်ပတ်ဖို့ သင့်တော်တဲ့ စွမ်းတွေကို အစားအသောက်က ပေးနေတာပါ။ မနက်စာ မစားတာမျိုး လုံးဝ မလုပ်သင့်ပါဘူး။

၂။ ပြေးစက်ပေါ်မှာပဲ အချိန်ကုန်မယ်

လေ့ကျင့်ခန်း လုပ်တဲ့အခါ ပြေးစက်ပေါ်မှာ ပြေးနေခြင်းက အကောင်းဆုံးလေ့ကျင့်ခန်းပဲလို့ ယူဆထားကြတာ မှားပါတယ်။ အခြားလေ့ကျင့်ခန်းတွေလည်း မျှတအောင် တွဲဖက်လုပ်ဆောင်ရမှာပါ။

၃။ အရက်၊ ဘီယာနဲ့ အချိုတွေရှောင်ရမယ်

ဒါလည်း မှားယွင်းနေတဲ့ အချက်ပါ။ အရက်နဲ့ ဘီယာကို လုံးလုံးရှောင်စရာမလိုပါဘူး။ အသောက်မများဖို့သာ လိုတာပါ။ (ဥပမာ တစ်ပတ် တစ်ရက်)

၎။ ကာဗွန်ဟိုက်ဒရွိုက်တွေ လုံးဝရှောင်

 

သကြား၊ ပေါင်မုန့်၊ ချောကလက် စတဲ့ ကာဗွန်ဟိုက်ဒရွိုက်များတဲ့ အစားအသောက်တွေကို ရှောင်ရမယ်ဆိုတာလည်းမှားပါတယ်။ သင့်တော်သလို စားလို့ရပါတယ်။

၅။ အစားမစားပဲ လေ့ကျင့်ခန်း လုပ်ရမယ်

လေ့ကျင့်ခန်းလုပ်ခါနီးမှာ အချိန်ကပ်ပြီး စားထားမယ်ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။ ဒါပေမဲ့ အချို့ကတော့ လေ့ကျင့်ခန်းလုပ်တဲ့အခါ အစာအိမ်ထဲမှာ ဘာမှမရှိရင် ပိုပြီး ကယ်လိုရီတွေကျဆင်းစေတယ်လို့ အယူအဆ ရှိပါတယ်။ သေချာတာကတော့ အစာမရှိဘဲ သင်က အင်အားချိနဲ့နေတဲ့တဲ့အခါ Gym မှာ လေ့ကျင့်ခန်းကို ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ပါဘူး။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ