Health: အလုပ်ပေါ် ကျေနပ်မှုနည်းခြင်းဟာ အသက် ၄၀ ကျော်တဲ့အခါ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်

သက်ရောက်မှုတွေ စုပြုံလာကာ အသက် ၄၀ ကျော်တဲ့အခါ ပေါ်လွင်လာတာ ဖြစ်ပါတယ်။

play

 

အသက် ၂၀ ကျော်နဲ့ ၃၀ ကျော်လူတွေမှာ အလုပ်ပေါ်ကျေနပ်မှုနည်းခြင်းဟာ အသက် ၄၀ နောက်ပိုင်းကို ရောက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿ     နာတွေ ရလာတယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။

The Ohio State တက္ကသိုလ်က အဆိုပါ သုတေသနကို ပြုလုပ်ခဲ့တာဖြစ်ပြီး လူတစ်ဦးရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အလုပ်နဲ့ ပက်သက်တဲ့ စိတ်ခံစားချက်တွေက အသက်ရောက်ဆုံးဖြစ်တယ်လို့ သုတေသနက ဆိုပါတယ်။

play

 

အလုပ်ပေါ်ရှိတဲ့ မကျေနပ်ချက်တွေဟာ စိတ်ကျန်းမာရေးပေါ်သက်ရောက်ပြီး အဆိုပါသက်ရောက်မှုတွေ စုပြုံလာကာ အသက် ၄၀ ကျော်တဲ့အခါ ပေါ်လွင်လာတာ ဖြစ်တယ်လို့ သုတေသနကို ဦးဆောင်လေ့လာခဲ့တဲ့  ဘွဲ့လွန်ကျောင်းသား ဂျော်နသန်ဒါလမ်းက ပြောကြားပါတယ်။

ရုပ်ပိုင်းဆိုင်ရာမှာပါ သက်ရောက်မှုတွေရှိပြီး အလုပ်ပေါ်ကျေနပ်သူတွေနဲ့ နှိုင်းယှဉ်တဲ့အခါ မကျေနပ်သူတွေဟာ ခါးနာတာ၊ ကျောရိုးအောင့်တာ၊ ခဏခဏ အအေးမိဖျားနာတာမျိုး ပိုဖြစ်တယ်လို့ ဆိုပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ