Health: သင့်မှာ ဖိအားအလွန်အကျွံ များနေပြီဆိုတာ ပြနေတဲ့ လက္ခဏာ (၄) ရပ်

ကိုယ်ကိုတိုင် ဖိအားများနေတာကို စိတ်ကအရင်မသိပဲ ခန္ဓာကိုယ်က အရင်သိနေတတ်ပါတယ်။

 

ဘဝဆိုတာ အဆင်ပြေမှုတွေချည်းပဲ ဆက်တိုက် ရောက်လာတာမျိုး မရှိတဲ့အတွက် အဆင်မပြေမှုတွေ ဆက်တိုက်ရောက်လာတာကိုလည်း တွေ့ကြုံရတတ်ပါတယ်။ တစ်ခါတစ်ရံမှာ စိတ်ဓာတ်မာကျောသူတွေက ကိုယ့်မှာ ဖိအားမရှိဘူးလို့ ပါးစပ်က ဆိုနေပေမယ့်လည်း သူတို့ရဲ့ ခန္ဓာကိုယ်က လိမ်လို့မရအောင် လက္ခဏာတွေ ပြလာတတ်ပါတယ်။

သင့်မှာ အတော်လေး ဖိအားများနေပြီဆိုတာ ပြနေတဲ့ လက္ခဏ (၄) ရပ်ရှိပါတယ်။

၁။ ဘာမှ မလုပ်ရသေးပဲ ပင်ပန်းမယ်

play

 

အရင်ကလည်း ဒီအလုပ်ပဲ၊ အခုလည်း ဒီအလုပ်ပဲ လုပ်တယ်ဆိုပေမယ့် အရင်ကနဲ့မတူအောင်ကို အခုက ပင်ပန်းလွယ်နေပြီဆိုရင်တော့ သတိထားသင့်ပါပြီ။ ပညာရှင်တွေ အကြံပေးချက်အရ လူတွေဟာ ဖိအားဒဏ်တွေကို မခံနိုင်တော့တဲ့အခါ တုန့်ပြန်မှု နှစ်မျိုးနဲ့ တုန့်ပြန်တတ်ကြပါတယ်။ တစ်မျိုးကတော့ ဘာမှမလုပ်ချင်အောင် ပင်ပန်းတယ်လို့ ခံစားရတာဖြစ်ပြီး တစ်မျိုးကတော့ အိပ်တဲ့အခါ တခဏအတွင်းမှာ အိပ်မောကျသွားတာပါပဲ။

၂။ ဒေါသထွက်လွယ်မယ်

play

 

ငါမှာထားတာ ကြာနေပြီ အခုထိ ရောက်မလာသေးဘူး။ ဒီကောင်တွေ ဘာလုပ်တာလဲ ဆိုပြီး စားသောက်ဆိုင်မှာ ဒေါသလွယ်လွယ်ထွက်တတ်လာပြီဆိုရင်လည်း သူဟာ စိတ်ဖိစီးမှု များနေသူဖြစ်ကြောင်း အလွယ်တကူ သိနိုင်ပါတယ်။ ဒေါသထွက်တာမျိုးမှ မဟုတ်ပါဘူး။ ဖြစ်ရပ်တစ်ခုခုအပေါ်ကို ခံစားချက်ပိုပိုသာသာ ပြနေတာမျိုးဆိုရင် ဖိအားတွေ အလွန်အကျွံများနေသူလို့ ဆိုနိုင်ပါတယ်။

၃။ ချွေးထွက်များမယ်

play

 

ချွေးထွက်များနေတာကလည်း သင့်မှာ စိတ်ဖိစီးစရာ အတော်များနေတယ်ဆိုတဲ့ လက္ခဏာ ဖြစ်ပါတယ်။ လှုပ်လှုပ်ရှားရှား ဘာမှ မလုပ်ရသေးပါပဲနဲ့ ပုံမှန်ထက် ချွေးထွက်နေပြီဆိုရင် စိတ်ဖိစီးစရာတွေ မြန်မြန်မေ့ပျောက်ဖို့ အချိန်ရောက်ပါပြီ။

၎။ တစ်ယောက်တည်း စကားပြောမယ်

play

 

ဘာရယ်မဟုတ်ပဲနဲ့ တစ်ယောက်တည်း စကားတွေ ပြောတာများပြီဆိုရင်လည်း ဒါဟာ ဖိအားတွေရဲ့ လက္ခဏာဖြစ်ပါတယ်။ တစ်ယောက်တည်း စကားပြောတတ်တာမျိုးတွေအပြင် အတော်များများကို အကောင်းမမြင်ပဲ ဝေဖန်နေတတ်တာလည်း ဖိအားများနေခြင်းရဲ့ လက္ခဏာပါ။

Source : Life -

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ