Health: သွားကျောက်တည်သူများ နှလုံးရောဂါဖြစ်ပွားနိုင်ချေ ပိုများ

, updated

သွားကျောက်တည်ခြင်းကြောင့် အသက်အန္တရာယ် စိုးရိမ်စရာ အခြားရောဂါတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။

play

 

ခံတွင်းသန့်ရှင်းမှု အားနည်းခြင်းကြောင့် ဖြစ်လာတဲ့ သွားကျောက်တည်ခြင်းဟာ နှလုံးရောဂါဖြစ်ပွားမှုနဲ့ ဆက်စပ်နေကြောင်း နယ်သာလန်မှာရှိတဲ့ သုတေသနတစ်ခုက ဖော်ပြလိုက်ပါတယ်။ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေသာမက လေဖြတ်ခြင်းကိုပါ ဖြစ်စေနိုင်ကြောင်း သတိပေးလိုက်ပါတယ်။

အရင်က လေ့လာတွေ့ရှိမှုမှာ ခံတွင်းမသန့်ရှင်းခြင်းနဲ့ သွားကျောက်တည်ခြင်းကြောင့် နှလုံးသွေးကြောကျဉ်းမှုကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခုလေ့လာချက်အသစ်အရ သွားဖုံးတိုက်စားခံရခြင်းဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါတွေဖြစ်ပေါ်စေမယ့် လက္ခဏာအစပဲလို့ ဆိုပါတယ်။

play

 

သွားဆရာဝန်တွေက လူနာပေါင်း ခြောက်သောင်းကျော်ကို လေ့လာမေးမြန်းပြီး သုတေသန လုပ်ခဲ့ရာမှာ ဒီအဖြေထွက်လာတာပါ။ သွားကျောက်တည်နေတဲ့ သူက သာမန်လူတွေထက် နှလုံးနဲ့ပတ်သက်တဲ့ရောဂါ၊ လေဖြတ်တဲ့ရောတွေဖြစ်နိုင်ချေ နှစ်ဆပိုတယ်လို့ သိရပါတယ်။ နယ်သာလန်မှာရှိတဲ့ အကြီးဆုံး သွားဘက်ဆိုင်ရာ သင်တန်းကျောင်းဖြစ်တဲ့ Academic Centre for Dentistry Amsterdam က ဒီရလဒ်ကို ကြေညာခဲ့တာပါ။

Source : CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ