Health: အီးစီးကရက်က ဆေးလိပ်သောက်ခြင်းကို နှစ်ပေါင်း ၃၀ အတွင်း ဖယ်ရှားပေးနိုင်

အရည်အသွေးနဲ့ လုံခြုံမှုက မြင့်တက်လာမှာ ဖြစ်တယ်။

play

 

အီးစီးကရက်တွေကြောင့် သာမန်စီးကရက်တွေ ပျောက်ကွယ်သွားနိုင်တယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။

 အီးစီးကရက်ထုတ်လုပ်မှု အရေအတွက်မြင့်တက်ပြီး ကုန်ကျစရိတ်ကလည်း ဆက်လက်ကျဆင်းနေမယ်ဆိုရင် သာမန်စီးကရက်တွေဟာ နှစ်ပေါင်း ၃၀ အတွင်း ပျောက်ကွယ်သွားမှာဖြစ်တယ်လို့ အမေရိကန်အခြေစိုက်  Reason Foundation ရဲ့ သုတေသနစာတမ်းက ဖော်ပြထားတာဖြစ်ပါတယ်။

play

 

 ၁၀ နှစ်ခန့်အတွင်း အီးစီးကရက်တွေရဲ့ အရည်အသွေးနဲ့ လုံခြုံမှုက မြင့်တက်လာမှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ ဆေးလိပ်သောက်သုံးသူ သန်းပေါင်းများစွာဟာ အီးစီးကရက်ကို ပြောင်းလဲသုံးစွဲနေကြပြီလို့လည်း သုတေသနကို ဦးဆောင်လေ့လာခဲ့သူ အေမာခန်းက ပြောကြားထားပါတယ်။

နှစ်ပေါင်း ၂၀ အတွင်း ဆေးလိပ်သောက်သုံးမှုကို ၅၀ ရာခိုင်နှုန်းနဲ့ အထက် လျော့ချပေးကာ နှစ်ပေါင်း ၃၀ အတွင်း လုံးဝပျောက်ကွယ်သွားနိုင်တာ ဖြစ်ပါတယ်။

Photo & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ