Health: လှုပ်ရှားမှု မရှိတဲ့ ဘဝနေထိုင်မှုပုံစံက စိတ်ရောဂါ ပိုဖြစ်နိုင်

အများစုဟာ နှလုံးရောဂါကြောင့် အသေစောရတာဖြစ်တယ်လို့လည်း သိရပါတယ်။

play

 

လှုပ်ရှားမှု နည်းတဲ့ ဘဝနေထိုင်မှု ပုံစံနဲ့ လူတွေဟာ စိတ်ရောဂါ ပိုမိုဖြစ်ပွားနိုင်ခြေရှိတယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။

အစစ်မှန်နဲ့ကင်းကွာသွားတဲ့ စိတ်ရောဂါမျိုး ရရှိလာနိုင်တာဖြစ်ပြီး အဆိုပါလူတွေဟာ သာမန်လူတွေထက် ၁၅ နှစ်စောပြီး သေနိုင်တယ်လိုလည့် သိရပါတယ်။ သုတေသနကို  King's College London နဲ့ အခြားသုတေသနအဖွဲ့တွေ ပူးပေါင်း ပြုလုပ်ခဲ့တာဖြစ်ပြီး  Schizophrenia Bulletin ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

play

 

ဝင်ငွေနိမ့်နဲ့ ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံတွေက  အသက် ၁၈ နှစ်ကနေ ၆၄ နှစ်အတွင်း လူတွေကို လေ့လာခဲ့တာ ဖြစ်ပြီး စိတ်ရောဂါရှိနေတဲ့ လူတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကသတ်မှတ်ထားတဲ့ ကိုယ်လက်လှုပ်ရှားမှုနှုန်းထက် ၃၆ ရာခိုင်နှုန်းလောက် လျော့နည်းတာဖြစ်ပါတယ်။ အများစုဟာ နှလုံးရောဂါကြောင့် အသေစောရတာဖြစ်တယ်လို့လည်း သိရပါတယ်။

Photos & Source: UNI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ