Health: ၂၀၆၀ မှာ အသက်အရွယ်ကြီးသူများ နှလုံးရောဂါဖြစ်ပွားမှု ဦးရေ သုံးဆခန့် မြင့်တက်မယ်

၆၉ နှစ်အောက် အသက်အရွယ်တွေဟာ ၁.၉ ရာခိုင်နှုန်း ပိုမိုဖြစ်ပွားနိုင်ခြေရှိတာ ဖြစ်ပါတယ်။

play

 

အသက်အရွယ်ကြီးရင့်သူတွေမှာ နှလုံးရောဂါဖြစ်ပွားမှုဟာ ၂၀၆၀ ရောက်တဲ့အခါ သုံးဆနီးပါးမြင့်မားလာနိုင်တယ်လို့ သုတေသနကတစ်ခုက ဖော်ပြပါတယ်။

 European Society of Cardiology ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အဆိုပါ သုတေသနဟာ အသက် ၆၀ အထက် လူတွေရဲ့ နှလုံးရောဂါဖြစ်ပွားမှုတွေကို လေ့လာခဲ့တာဖြစ်ပြီး ကိန်းဂဏန်းအချက်အလက်တွေအရ အနာဂတ်မှာ အသက်အရွယ်ကြီးသူတွေဟာ နှလုံးရောဂါ ပိုဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့တာဖြစ်ပါတယ်။

play

 

အသက် ၆၆ နှစ်ကနေ ၉၈ နှစ်အရွယ် ၅၇၀၆ ယောက်ကို ရွေးချယ်ကာ ခန္ဓာကိုယ်အရွယ်အစား၊ လိင်နဲ့ စတဲ့ အချက်အလက်တွေကို အခြေပြုလေ့လာတာ ဖြစ်ပါတယ်။ အသက် အရွယ်လိုက် နှလုံးရောဂါဖြစ်ပွားနိုင်ခြေဟာ မြင့်တက်လာပြီး ၆၉ နှစ်အောက် အသက်အရွယ်တွေဟာ ၁.၉ ရာခိုင်နှုန်း ပိုမိုဖြစ်ပွားနိုင်ခြေရှိတာ ဖြစ်ပါတယ်။

၂၀၄၀ မှာ သက်ကြီးရွယ်အိုတွေရဲ့ နှလုံးရောဂါဖြစ်နိုင်ခြေဟာ ၂.၃ ဆ မြင့်တက်လာမှာဖြစ်ပြီး ၂၀၆၀ မှာတော့ ၂.၉ ဆမြင်တက်လာမှာ ဖြစ်ပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ