Health: ကားရှုပ်တဲ့လမ်းနားမှာ နေသူတွေက ပိုဟောက်တတ်သူတွေဖြစ်

အမျိုးသား ၂၅ ရာခိုင်နှုန်းလောက်ဟာ တစ်ပတ်ကို အနည်းဆုံး သုံးညလောက် ဟောက်နိုင်ခြေရှိပါတယ်။

play

 

ကားရှုပ်တဲ့လမ်းတွေနားမှာ နေတဲ့သူတွေက  ပိုဟောက်တတ်သူတွေ ဖြစ်နိုင်တယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။ သုတေသနကို နော်ဝေးနိုင်ငံ Bergen တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းဟာ ကားကထွက်တဲ့ မီးခိုးငွေ့တွေနဲ့ လေထုညစ်ညမ်းတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

play

 

 သုတေသနဟာ ဥရောပမြောက်ပိုင်းမြို့တွေက အချက်အလက်တွေကို အခြေခံကာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လူပေါင်း ၁၂၀၀၀ ကို လေ့လာခဲ့ရာမှာ အမျိုးသား ၂၅ ရာခိုင်နှုန်းလောက်ဟာ တစ်ပတ်ကို အနည်းဆုံး သုံးညလောက် ဟောက်နိုင်ခြေရှိပြီး ကားမီးခိုးငွေ့ကြောင့် ဖြစ်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုကို ထိတွေ့ရသူတွေက ပိုဟောက်နိုင်တယ်လို့ သိရပါတယ်။

စီးကရက်ငွေ့ကို ထိတွေ့ရတဲ့သူတွေဟာ ပိုဟောက်လေ့ရှိတာကို သိပြီးသားဖြစ်တာကြောင့် ကားမီးခိုးငွေ့ကလည်း ဟောက်တာနဲ့ ဆက်စပ်မှုရှိမလားဆိုတာကို သိချင်ခဲ့တာ ဖြစ်တယ်လို့ သုတေသနကို ဦးဆောင်လေ့လာခဲ့သူ အန်းဂျိုဟန်နက်ဆန်က ပြောကြားခဲ့ပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ