Health: အိမ်မှုကိစ္စများ လုပ်ခြင်းက ကျန်းမာရေးကို ဆိုးရွားစေ ထိခိုက်စေဟု ဆရာဝန်များ ထောက်ပြ

အိမ်မှုကိစ္စလုပ်သူတွေရဲ့ ကျန်းမာရေးဟာ ရေရှည်မှာ သာမန်လူတွေထက် ပိုပြီး စိုးရိမ်ရပါတယ်။

play

 

အိမ်မှုကိစ္စတွေ ပြုလုပ်ခြင်းဟာ ထင်မထားလောက်အောင်ကို သင့်ရဲ့ကျန်းမာရေးအတွက် ထိခိုက်စေကြောင်း သုတေသန တစ်ခုက ဖော်ထုတ်လိုက်ပါတယ်။

နော်ဝေမှာ ပြုလုပ်ခဲ့တဲ့ ဒီစစ်တမ်းကို ကောင်းမွန်သည့်ဘဝအတွက် လည်ချောင်းကျန်းမာရေးကဏ္ဍအတွက် လေ့လာနေတဲ့ အဖွဲ့က ပြုလုပ်ခဲ့တာပါ။ စစ်တမ်းရလဒ်အရ အိမ်မှုကိစ္စပြုလုပ်သူတွေဟာ သာမန်လူတွေထက်ပိုပြီး လည်ချေင်းနဲ့ ပတ်သတ်တဲ့ ရောဂါတွေ ခံစားရနိုင်ချေရှိနေတယ်ဆိုပြီး ထွက်လာပါတယ်။

play

 

အကြောင်းကတော့ အိမ်မှုကိစ္စပြုလုပ်တဲ့အခါ အသုံးပြုတဲ့ မှန်ကြည်ဆေးရည်၊ လေထုသန့်စင်ဆေးရည် စတာတွေအပြင် ဓါတုနည်းလမ်းနဲ့ ဖန်တီးထားတဲ့ အဲဒီဆေးရည်တွေဟာ လည်ချောင်းကျန်းမာရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေလို့ ဖြစ်ပါတယ်။ အသက်ရှုရခက်ခက်တဲ့ရောဂါတွေ ဖြစ်လာနိုင်ချေဟာ အိမ်မှုကိစ္စလုပ်သူတွေမှာ များပြားကြောင်း တွေ့ရပါတယ်။ ဒါတွေတင်မဟုတ်ပဲ အမျိုးမျိုးသော ဓါတုပစ္စည်းတွေနဲ့ အညစ်အကြေးတွေကတဆင့် အရေပြား ရောဂါတွေ၊ အဆုတ်ရောဂါတွေပို ဖြစ်နိုင်ကြပါသေးတယ်။

play

 

အသက် ၂၀ အထက် အမျိုးသမီးပေါင်း ၅၀၀၀ ကျော်ကို လေ့လာခဲ့တာဖြစ်ပြီး သန့်ရှင်းရေးဝန်ထမ်းတွေက အခြားသူတွေထက် ၁၇ ရာခိုင်နှုန်းလောက် အဲဒီရောဂါတွေ ပိုဖြစ်ပွားကြတာတွေ့ရပါတယ်။

ှSource : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ