Health: ဇီကာကြောင့် အကြားအာရုံကိုပါထိခိုက်နိုင်

ဇီကာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့်သိရဖို့ ကြိုးစားနေကြဆဲပါပဲ။

play

 

ဘရာဇီးသုတေသီတွေဟာ ဇီကာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားနိုင်တဲ့ ဆိုးကျိုးတစ်ခုကိုပါ ထပ်မံသိရှိခဲ့ကြပါတယ်။ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့မိခင်မှ မွေးဖွားလာတဲ့ ကလေးတွေမှာ အကြားအာရုံဆုံးရှုံးခြင်းနဲ့ပါ ကြုံတွေ့ရနိုင်တယ်လို့ သိရပါတယ်။

 ယခင်သုတေသနရလဒ်တွေမှာတော့ ဇီကာဟာ အမြင်အာရုံကိုပါ ထိခိုက်စေနိုင်သလို ဦးနှောက်ကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တယ်လို့လည်း သိရှိခဲ့ပြီးပါပြီ။ သိပ္ပံပညာရှင်တွေဟာ ဇီကာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့်သိရဖို့ ကြိုးစားနေကြဆဲပါပဲ။

play

 

အမေရိကန်ပြည်ထောင်စုရှိ ရောဂါကာကွယ်ရေးနဲ့ထိန်းချုပ်ရေးစင်တာရဲ့သိပ္ပံပညာရှင်တွေဟာ ဇီကာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ကလေး ၇၀ မှာ လေးဦးက အကြားအာရုံပျောက်ကွယ်နေတာကို တွေ့ရှိခဲ့ကြရပါတယ်။ နားအတွင်းပိုင်း ပျက်စီးတာ သို့မဟုတ် နားနဲ့ဦးနှောက်ကိုဆက်ထားတဲ့ အာရုံကြော ပျက်စီးနေတာကြောင့် အကြားအာရုံပျောက်ဆုံးနေတာဖြစ်တယ်လို့ အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Source : Time

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ