Health: ကင်ဆာကြောင့်သေဆုံးသူ အမျိုးသားဦးရေပိုများရခြင်းအကြောင်း

တစ်ခုခုထူးခြားတာဖြစ်နေရင် အမျိုးသမီးတွေက ကျန်းမာရေးပညာရှင်ဆီ ချက်ခြင်းမေးမြန်းလေ့ရှိကြပြီး အမျိုးသားအများစုကတော့ ဥပေက္ခာပြုလိုက်ကြတာများပါတယ်။

play

 

အမျိုးသမီးတွေနဲ့ယှဉ်ရင် အမျိုးသားတွေဟာ ကင်ဆာရောဂါကြောင့် သေဆုံးရတာပိုများပါတယ်။ ယူကေရဲ့ ကင်ဆာသုတေသနစင်တာက ထုတ်ပြလိုက်တဲ့အချက်အလက်အရ ကင်ဆာဖြစ်ပွားမှုနှုန်းဟာ နှစ်စဉ် အမျိုးသားဦးရေ ၁၇၉,၀၀၀ ဦး ရှိပြီး အမျိုးသမီးဦးရေက ၁၇၃,၀၀၀ ဦး ရှိတယ်လို့ သိရပါတယ်။

play

 

မတူညီတဲ့ ကင်ဆာရောဂါ ၁၅ မျိုး ဖြစ်ပွားသူနေပေါင်း ၂၃၀၀ ကို လေ့လာရာမှာ အမျိုးသားတွေဟာ ကင်ဆာကြောင့်သေဆုံးရတာပိုများနေရခြင်းကို သိရှိခဲ့ရပါတယ်။

play

 

အမျိုးသားတွေဟာ ကင်ဆာလက္ခဏာတွေ သုံးလနဲ့အထက် စတင်ပေါ်ပေါက်နေပေမယ့် ဆရာဝန်ထံ သွားရောက်ပြသဖို့ နှောင့်နှေးရခြင်းက ကင်ဆာကြောင့် အသက်ဆုံးရှုံးရခြင်းကို တွေ့ရှိခဲ့ကြရပါတယ်။ လေ့လာမှုမှာပါဝင်တဲ့ ဆီးကျိတ်ကင်ဆာခံစားနေရသူ အမျိုးသား ၄၄ ရာခိုင်နှုန်းက ဆရာဝန်ထံပြသ နှောင့်နှေးခဲ့တယ်လို့ ဝန်ခံကြပါတယ်။ ဒါ့ပြင် အမျိုးသားတွေဟာ အမျိုးသမီးတွေလောက် ကင်ဆာလက္ခဏာတွေကို သတိမပြုမိကြဘူးလို့လည်း လေ့လာမှုရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ