Health: လေ့ကျင့်ခန်း ၁၀ ရက်နားခြင်းက ဦးနှောက်ကျန်းမာရေးကို ထိခိုက်နိုင်

ဦးနှောက်ဆိုင်ရာ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်သစ်ဖြစ်ပါတယ်။

 

Gym သွားဆော့တာပဲဖြစ်ဖြစ်၊ ဘယ်လိုလေ့ကျင့်ခန်းပဲ လုပ်လုပ် လုပ်နေရာကနေ ၁၀ ရက်ပဲ နားလိုက်ရုံနဲ့ ဦးနှောက်ကို သွေးစီးဆင်းမှု လျော့နည်းသွားတယ်လို့ ဦးနှောက်ပိုင်းဆိုင်ရာ သိပ္ပံပညာရှင်များက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

လေ့လာသင်ယူမှုနဲ့ မှတ်ဉာဏ်ပိုင်းကို အဓိကသက်ရောက်မှု ဖြစ်တယ်လို့ Maryland School of Public Health တက္ကသိုလ်က သုတေသီတွေက ပြောပါတယ်။

 

ယင်းအဖွဲ့က အသက် ၅၀ နဲ့ ၈၀ ကြား ကျန်းမာရေးလိုက်စားနေတဲ့ လူကြီးတွေရဲ့ သွေးစီးဆင်းမှုကို လေ့ကျင့်ခန်း ၁၀ ရက် မရပ်နားမီနဲ့ ရပ်နားပြီးနောက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

"၁၀ ရက်တည်းပဲ လေ့ကျင့်ခန်းလုပ်တာ ရပ်နားလိုက်တဲ့ လူတွေမှာ ဦးနှောက်ကျန်းမာရေးကို ထိန်းသိမ်းရာမှာ အရေးပါတဲ့ ဦးနှောက်အပိုင်းတွေထဲကို သွေးစီးဆင်းမှုလျော့နည်းသွားတယ်ဆိုတာကို ပြသနေပါတယ်" လို့ ခေါင်းဆောင် သုတေသီ ဒေါက်တာ ဂျာရိုမီကာဆန်စမစ်သ်က ဆိုခဲ့ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ