Health: ညစာစားချိန် နောက်ကျခြင်းနဲ့ နှလုံးဖောက်ပြန်ခြင်း ဆက်စပ်မှုရှိ

, updated

မအိပ်ခင် နှစ်နာရီအတွင်း ညစာစားတာကလည်း အန္တရာယ်ရှိပါတယ်။

play

 

ည ၇ နာရီကျော်မှ ညစာစားခြင်းက နှလုံးဖောက်ပြန်ခြင်းဖြစ်နိုင်ခြေ ပိုများတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။

ယူကေမှာဆိုရင် နေ့စဉ် နှလုံးဖောက်ပြန်လို့ ဆေးရုံရောက်လာတဲ့သူ ၅၀၀ ကျော်ရှိပါတယ်။

play

 

အစာစားချိန် နောက်ကျခြင်းနဲ့ နှလုံးဖောက်ပြန်စေတဲ့ သွေးဖိအားမြင့်တက်မှုကြားမှာ ဆက်စပ်မှုရှိကြောင်း လေ့လာမှုတစ်ခုက ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်နိုင်တာ ဖြစ်ပါတယ်။

play

 

အစာစားပုံနဲ့ အစာစားချိန် မတူညီတဲ့ အသက် ၁၈ နှစ်နဲ့ အသက် ၆၅ နှစ်ကြား လူ ၇၀၀ ကို လေ့လာခဲ့တာ ဖြစ်ပါတယ်။

စားတဲ့ အစားအစာ၊ ဆားပါမှုနှုန်းအပြင် မနက်စာနဲ့ နေ့လယ်စာ ဘာတွေစားတယ်ဆိုတာကိုပါ ယင်းလေ့လာမှုမှာ ထည့်သွင်းတွက်ချက်ခဲ့ပါတယ်။

play

 

ဒါပေမဲ့ ညစာစားချိန်နောက်ကျခြင်းဟာ ညဘက် သွေးဖိအား မြင့်တက်ခြင်းအပေါ် သက်ရောက်မှု အကြီးမားဆုံးဖြစ်တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ