Health: ဓာတ်မတည့်မှုဖြစ်နေချိန်မှာ စားသင့်တဲ့အရာ (၄) မျိုး

အလာဂျီဖြစ်ချိန်မှာ အစားအသောက် ဆင်ခြင်ဖို့ အရေးကြီးပါတယ်။ အပူအစပ်တွေ၊ ငန်လွန်းတာတွေကို လုံးဝမစားပါနဲ့။

play

 

ဓာတ်မတည့်မှု (အလာဂျီ)ဟာ လူတိုင်းမှာ မတူညီတဲ့ ပုံစံအမျိုးမျိုးနဲ့ ရှိနေကြပါတယ်။ ဓာတ်မတည့်မှုခံစားနေရပြီဆိုရင် အရေပြားယားယံတာမျိုး ခံစားရတဲ့အပြင် မျက်စိနာတာ၊ ဖျားတာ၊ အသက်ရှုကြပ်တာမျိုးတွေ ခံစားရတတ်ပါတယ်။ ဓာတ်မတည့်မှုဖြစ်နေချိန်မှာ စားသောက်မှုကလည်း အရေးကြီးပါတယ်။ မြန်မြန်သက်သာချင်ရင်တော့ ဒါတွေစားပေးပါ။

play

 

၁။ ဒိန်ချဉ်

ကောင်းမွန်တဲ့ ပရိုဘိုင်အိုတစ်တွေကို စနစ်တကျမွေးမြူထားတဲ့ အစားအစာတွေ (ဥပမာ ဒိန်ချဉ်)က ဓာတ်မတည့်မှုကို လျော့ကျစေပါတယ်။

play

 

၂။ လက်ဖက်စိမ်း

လက်ဖက်စိမ်းရေနွေးကြမ်းလေး သောက်ပေးပါ။ အသက်ရှုလို့လည်းကောင်းပြီး ယားယံတာတွေ သက်သာပါလိမ့်မယ်။

play

 

၃။ ကယ်လိုရီနည်းတာတွေ

ကယ်လိုရီပမာဏ မြောက်များစွာပါတဲ့အစားအစာတွေက ဓာတ်မတည့်မှုကို ပိုဆိုးစေနိုင်လို့ ကယ်လိုရီနည်းတာတွေပဲ စားသင့်ပါတယ်။

play

 

၎။ Omega 3

ငါးကြီးဆီလိုမျိုး Omega 3 ပါဝင်တဲ့ အစားအစာတွေ မှီဝဲပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ