Health: အဆုတ်ရောဂါရှိသူတွေအတွက် လေ့ကျင့်ခန်းလုပ်တာက ဘယ်လောက် အထောက်အကူဖြစ်လဲ

စိတ်ကျရောဂါဖြစ်နိုင်ခြေကတော့ ၁၅ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့ သိရပါတယ်။

play


အဆုတ်ရောဂါ ရှိဖူးတဲ့လူတွေဟာ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုကို မြှင့်တင်လိုက်တဲ့အခါ စိတ်ကျရောဂါတွေအပြင် စိုးရိမ်စိတ်မြင့်မားမှုတွေကိုပါ လျှော့ချပေးနိုင်တယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။ အဆိုပါသုတေသနကို ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး သာမန်ထက် စိုးရိမ်စိတ်မြင့်မားမှုဟာ ၁၁ ရာခိုင်နှုန်းလျော့ကျကာ  စိတ်ကျရောဂါဖြစ်နိုင်ခြေကတော့ ၁၅ ရာခိုင်နှုန်း လျော့ကျသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

အဆုတ်ရောဂါရှိသူတွေမှာ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်မှု ဖြစ်လေ့ရှိတာကြောင့် အခုတွေ့ရှိချက်ဟာ အရေးပါတယ်လို့ သုတေသနကို ဦးဆောင်လေ့လာခဲ့သူ ဒေါက်တာ မိုင်လို ဖူဟန်က ပြောကြားထားပါတယ်။

သုတေသနဟာ ဆွစ်ဇာလန်နဲ့ နယ်သာလန်က လူပေါင်း ၄၀၉ ယောက်ကို လေ့လာခဲ့တာဖြစ်ပြီး မကြာသေးခင်က လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ ၂၀၁၆ ကျန်းမာရေးဆိုင်ရာ ညီလာခံတစ်ခုမှာ အဆိုပါသုတေသနကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ