Health: လည်ချောင်းနာတာတွေအတွက် အိမ်တွင်း ဆေးနည်း (၃) နည်း

လည်ချောင်းယားယံပြီး နာတတ်သူတွေ အတွက်ဖြစ်ပါတယ်။

play

 

၁ - နနွင်းနဲ့ နွားနို့

play

 

အန္ဒိယနိုင်ငံမှာ သုံးကြတဲ့ ရိုးရာနည်းလေးတစ်ခုဖြစ်ပါတယ်။ နနွင်းနဲ့ နွားနို့ရောသောက်ပေးခြင်းဟာ ချောင်းဆိုးကိုလည်း သက်သာစေပါတယ်။

၂ - လေးညှင်းနဲ့ ပျားရည်

play

 

လေးညှင်းနဲ့ပျားရည်ဟာ ပိုးသတ်နိုင်တဲ့ပစ္စည်းတွေ ပါဝင်ပါတယ်။ လည်ချောင်းယားယံနေတဲ့အချိန်မှာ သုံးပေးသင့်ပါတယ်။ ပျားရည်တစ်ခွက်နဲ့ လေးညှင်းပွင့် ၆-၇ ပွင့်လောက်ကို ရောပြီး ၂ နာရီလောက် အပူပေးပါ။ အပူပေးပြီးသွားတဲ့အခါ ဘူးတစ်ဘူးထဲ ထည့်ပြီး ၂ ပတ်လောက်ထားကာ သောက်သုံးပေးသင့်ပါတယ်။

၃ - သလဲသီးခွံ

play

 

လည်ချောင်းတွေယားယံတာမျိုးနဲ့ နာနေတဲ့အခါမျိုးမှာ သလဲသီးခွံကို သုံးလို့ရပါတယ်။ လုပ်ဖို့ လိုအပ်တာက သလဲသီးခွံ အရည်နဲ့ တစ်နေ့နှစ်ကြိမ်လောက် ပလုပ်ကျင်းဖို့ပဲ ဖြစ်ပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ