Health: ဘာကြောင့် ခေါင်းကိုက်နေရတာလဲ

ဒီအကြောင်းရင်းတွေကြောင့် ခေါင်းကိုက်မှုကို ခံစားရစေနိုင်ပါတယ်။

  play


ခေါင်းကိုက်တဲ့ဝေဒနာကို နေ့စဉ်နဲ့အမျှ လူပေါင်းသန်းနဲ့ချီ ခံစားနေကြရတယ်လို့ ဆိုပါတယ်။ ခေါင်းကိုက်ပျောက်စေဖို့ ဆေးဝါးအကူအညီ ယူကြရပါတယ်။ ခေါင်းကိုက်ပျောက်စေဖို့ထက် ခေါင်းကိုက်စေတဲ့ အကြောင်းရင်းတွေကို သိထားဖို့က အရေးကြီးတယ်လို့ ဆေးသိပ္ပံပညာရှင်တွေက အကြံပြုထားပါတယ်။ အခုဖော်ပြထားတဲ့ အကြောင်းရင်းတွေကြောင့် ခေါင်းကိုက်မှုကို ခံစားရစေနိုင်ပါတယ်။

၁။ စိတ်ဖိစီးမှု

play

 

စိတ်ဖိစီးမှုနဲ့ သောကတွေက ခေါင်းကိုက်စေတဲ့ အဓိကအကျဆုံး အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ နေ့စဉ်ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို လျော့ပါးစေဖို့အတွက် စိတ်ကိုတည်ငြိမ်အောင်ထားရန် ကြိုးပမ်းသင့်ပြီး တရားထိုင်ခြင်းကဲ့သို့ အလေ့အကျင့် လုပ်သင့်ပါတယ်။

၂။ ကျန်းမာရေးနဲ့မညီတဲ့ အစားအစာ

play


နေ့စဉ် စားနေကျ အစားအစာတွေက ကျန်းမာရေးနဲ့ မညီညွတ်ခဲ့ရင် စိတ်နဲ့ခန္ဓာ ပြဿနာအများအပြား ကြုံရနိုင်ပြီး ခေါင်းကိုက်တတ်တာလည်း အပါအဝင် ဖြစ်ပါတယ်။ ကဖင်းဓာတ်ပါဝင်မှုများတာတွေကို ရှောင်ကြဉ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို ဂရုတစိုက် စားသင့်ပါတယ်။

၃။ ဆေးမှားသောက်ခြင်း

play


ဆေးတွေသောက်ရာမှာလည်း သတိပြုသင့်ပါတယ်။ အချို့ဆေးများ ရောနှောသောက်မိတာကြောင့် ခေါင်းကိုက်တတ်သလို ဆေးမှားသောက်မိပါကလည်း ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်ပါတယ်။

၎။ အမြင်အာရုံစိုက်မှု

play


တီဗွီ၊ ကွန်ပျူတာ၊ စမတ်ဖုန်း စတဲ့ အသုံးအဆောင်တွေကို အချိန်ကြာမြင့်စွာ ကြည့်ရှုခြင်းက ခေါင်းကိုက်စေပါတယ်။ ဒီလို အသုံးအဆောင်တွေကို ကြည့်ရှုသုံးစွဲချိန် ကန့်သတ်ထားသင့်ပြီး မျက်စိကိုလည်း ဆရာဝန်နဲ့ စစ်ဆေးသင့်ပါတယ်။

၅။ နေထိုင်မှုပုံစံ

play

 

အိပ်ချိန်များလွန်းပါက နိုးလာတဲ့အခါ ခေါင်းကိုက်တတ်ပါတယ်။ ဒါကြောင့် အိပ်ချိန်ကို စနစ်တကျ သတ်မှတ်ထားပြီး ပုံမှန်အိပ်စက်တာ နိုးထတာမျိုး အလေ့အကျင့်ရှိသင့်ပါတယ်။

၆။ ကိုယ်နေဟန်ထား

play


ထိုင်တဲ့ပုံစံ မမှန်ခြင်းကလည်း ခေါင်းကိုက်စေပါတယ်။ ခါးမတ်မတ်ထားပြီး မထိုင်ခြင်းကဲ့သို့ ထိုင်တဲ့ပုံစံ မမှန်ခြင်းက ကျောရိုးကျန်းမာရေး ထိခိုက်စေကာ ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်ပါတယ်။

၇။ သုတ်ဆေးအနံ့

play


သုတ်ဆေးအမျိုးမျိုးမှာ အဆိပ်သင့်ပစ္စည်း ပါဝင်ပြီး ထိုအနံ့တွေကို အတန်ကြာရှူရှိုက်မိတာမျိုးကြောင့် ခေါင်းကိုက်တတ်ပါတယ်။ အလုံပိတ်အခန်းထဲမှာ သုတ်ဆေးအနံ့တွေကို ရှူရှိုက်မိခြင်းက ပိုပြီးခေါင်းကိုက်စေပါတယ်။ သုတ်ဆေးအနံ့က ခေါင်းကိုက်စေရုံသာမက ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။
Source & Photo: DLML

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ