Health: အသက် ၁၀၀ ကျော်သူတွေ အများအပြားရှိတဲ့ အီတလီရွာကလေးက သိခဲ့ရတဲ့ အသက်ရှည်တဲ့နည်းလမ်း

, updated

အသက်ရှည်ပြီး ကျန်းမာပျော်ရွှင်အောင် ဘယ်လိုနေရမလဲဆိုတာကိုလည်း သိခွင့်ရလိုက်ပါတယ်။

play
အသက် ၁၀၀ ရှိပြီဖြစ်တဲ့ အဘိုးအိုနဲ့ အသက် ၉၃ နှစ်ရှိ ဇနီးသည်

 

အီတလီက ရွာလေးတစ်ရွာဖြစ်တဲ့ အက်စီရာယိုလီမှာ နေထိုင်သူတွေဟာ ၁၀ ဦးမှာ တစ်ဦးက အသက် ၁၀၀ ကျော် နေထိုင်ခဲ့သူတွေ ဖြစ်ပါတယ်။

ဒီရပ်ရွာလေးမျာ နေထိုင်သူတွေဟာ ဘာကြောင့်များ ဒီလောက်ထိ အသက်ရှည်အောင် နေနိုင်ကြလဲ၊ အသက်ကြီးရင် ဖြစ်တတ်တဲ့ ဦးနှောက်ထိခိုက်ပျက်စီးမှုနဲ့ နှလုံးရောဂါတွေ ဘာလို့မဖြစ်တယ်ဆိုတာ သိရဖို့အတွက် သိပ္ပံပညာရှင်တွေဟာ အဲဒီမှာ ၆ လကြာ လေ့လာခဲ့ပါတယ်။

 

သူတို့ အဲဒီလို အသက်ရှည်ခြင်းဟာ သံလွင်ဆီကို အခြေခံတဲ့ မြေထဲပင်လယ်ဒေသအစားအစာတွေနဲ့ လတ်ဆတ်တဲ့ သစ်သီးသစ်ရွက်နဲ့ ငါးတွေကို စားသုံးတဲ့အပြင် လိင်မှုကိစ္စမှာလည်း စိတ်ကျေနပ်မှုအပြည့်အဝရရှိခြင်းလည်း ပါဝင်နေကြောင်း တွေ့ရှိရပါတယ်။

play
အက်စီရာယိုလီရဲ့ ရွာလူကြီး Stefano Pisani

 

ရပ်ရွာလူကြီးရဲ့စာရင်းအရ အတိအကျဆိုရရင် ရာစုနှစ်တစ်ခုအထိ ယင်းရွာမှာ နေနိုင်ကြတဲ့သူတွေဟာ ၇၀၀ မှာ ၈၁ ဦးရှိနေပါတယ်။

 

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ