Health: လက်ပြန်ကြိုး တုပ်ထားပေမဲ့ ရေထဲမှာ အသက်ရှင်နိုင်မယ့်နည်း

လေကို ခပ်ကြာကြာရှုသွင်းပြီး ခပ်မြန်မြန်ပြန်ထုတ်ရမှာဖြစ်ပါတယ်။

play

 

လက်ပြန်ကြိုးတုပ်ပြီး ရေထဲပစ်ချခံရတဲ့အခါ ဘယ်လိုအသက်ရှင်အောင် ရှေ့ဆက်မလဲဆိုတာကို အမေရိကန်ရေတပ်သားကြီးတစ်ဦးက ပြန်လည်ဝေမျှထားပါတယ်။

 ရေတပ်သား ကလင့်အီမာဆင်ဟာ အမေရိကန်ရေတပ်မှာ နှစ်ပေါင်း ၂၀ ကြာအောင် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး လက်ပြန်ကြိုးတုပ်ကာ ရေထဲပစ်ချခံရတဲ့အခါ အကောင်းဆုံးအခြေအနေဟာ အဆုပ်မှာ လေအပြည့်အဝရှုထားပြီး ခန္ဓာကိုယ်ကို ကောင်းကောင်းမျှောထားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

 ဒီ့အတွက် လေကို ခပ်ကြာကြာရှုသွင်းပြီး ခပ်မြန်မြန်ပြန်ထုတ်ရမှာဖြစ်ပါတယ်။ အဆိုပါအတိုင်းဖြစ်ဖို့ အတွက် သူကတော့ ရေထဲမှာမြှပ်သွားလိုက် ပြန်ပေါ်လိုက်နည်းကို အကြံပေးထားပြီး Daily Mail က ပုံနဲ့တကွ ဖော်ပြထားပါတယ်။

ကျန်တဲ့ အရေးကြီးဆုံးတစ်ချက်ကတော့ မကြောက်ဖို့ဖြစ်တယ်လို့လည်း ရေတပ်သားကြီး ကလင့်အီမာဆင်က ပြောခဲ့ပါသေးတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ