AD
AD
AD
play

 

ပူပြင်းတဲ့ နွေရာသီမျိုးမှာ ပန်ကာလေခံတာဟာ အသက်ကြီးပိုင်းတွေရဲ့ ကျန်းမာရေးကို ဆိုးဝါးစေနိုင်တယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။

လူငယ်တွေအတွက် ပန်ကာလေဟာ ချွေးတွေကို ပျောက်ကွယ်သွားစေပြီး ခန္ဓာကိုယ်အပူချိန်ကို လျှော့ချလိုက်တာ ဖြစ်ပေမဲ့ အဆိုပါသုတေသနအရ အသက်ကြီးတဲ့လူတွေအတွက်တော့ နှလုံးခုန်နှုန်းကို မြင့်တက်စေကာ ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေတယ်လို့ သိရပါတယ်။

play

 

 သုတေသနကို Texas တက္ကသိုလ် ဆေးပညာစင်တာတစ်ခုက ပြုလုပ်ခဲ့တာဖြစ်ပြီး အမေရိကန်ဆေးပညာအသင်းဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။  သုတေသနဟာ ပျမ်းမျှ အသက် ၆၈နှစ်အရွယ်တွေကို လေ့လာခဲ့တာဖြစ်ပြီး ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းဟာ အသက်ကြီးလာတာနဲ့အမျှ ချွေးထွက်နှုန်း နည်းလာတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD