Health: ဆိတ်တွေနဲ့ လေ့ကျင့်ရမယ့် ဆိတ်ယောဂသင်တန်း

နောက်ထပ် သင်တန်းနှစ်ခုအတွက်လည်း စာရင်းပေးသူတွေပြည့်သွားပါပြီ။

play

 

အမေရိကန်ပြည်ထောင်စု အိုရီဂွန်ပြည်နယ်ထဲက ယောဂသင်တန်းတစ်ခုအကြောင်း အင်တာနက်ပေါ်မှာ ရေပန်းစားလာပါတယ်။ ဆိတ်ယောဂ သင်တန်းပါ။

play

 

သင်တန်းခန်းမထဲမှာမဟုတ်ဘဲ လယ်ကွင်းပြင်ထဲမှာ ဆိတ်တွေနဲ့အတူ လေ့ကျင့်ရမှာဖြစ်ပါတယ်။ ယောဂကျင့်တဲ့ဖျာလေးပေါ်မှာ လေ့ကျင့်နေသူတွေပေါ်ကို ဆိတ်တွေက တက်ရောက်နင်းပေးတာမျိုး ပြုလုပ်ပေးကြတာလည်း တွေ့ရပါတယ်။

play

 

သင်တန်းကို ယခုမှစဖွင့်တာဖြစ်ပြီး သင်တန်းကြေးက ၁၀ ဒေါ်လာသာ ပေးရတာမို့ စူးစမ်းလိုသူအချို့က လာရောက်လေ့ကျင့်ကြပါတယ်။ သင်တန်းသူတွေထဲမှာ ဆိတ်တွေနဲ့ယောဂကျင့်ရလို့ နှစ်သက်သူတွေရှိသလို မနှစ်သက်သူတွေလည်း ရှိပါတယ်။

play

အွန်လိုင်းမှာ နာမည်ကြီးလာတဲ့ ဆိတ်ယောဂသင်တန်းကို တက်ရောက်လိုသူတွေ အများအပြားရှိနေတယ်လို့လည်း သိရပါတယ်။ နောက်ထပ် သင်တန်းနှစ်ခုစာအတွက်လည်း စာရင်းပေးသူတွေပြည့်သွားပြီလို့ လယ်ကွင်းပိုင်ဆိုင်သူနဲ့ ဆိတ်ယောဂသင်တန်းဆရာမ မော့စ်က ဆိုပါတယ်။

Source : Huffpost

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ