Health: သန့်ရှင်းတဲ့မီးဖိုချောင်က လူကိုပိန်စေနိုင်လား

အမျိုးသမီးပေါင်း တစ်ရာကျော်ကို အုပ်စုခွဲကာ လေ့လာခဲ့တာဖြစ်ပါတယ်။

play

 

ရှုပ်ပွနေတဲ့ မီးဖိုချောင်ကြောင့် လူတွေဟာ  ဘီစကွတ်လို သရေစာတွေကို ပိုမိုစားကြတယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။

သုတေသနကို အမျိုးသမီးတွေနဲ့ စမ်းသပ်ခဲ့တာဖြစ်ပြီး ရှုပ်ပွနေတဲ့ မီးဖိုချောင်ထဲမှာ အမျိုးသမီးတွေကို ထားလိုက်တဲ့အခါ သရေစာတွေကို နှစ်ဆလောက်ပိုမိုစားကြတယ်လို့ အဆိုပါသုတေသနက ဖော်ပြပါတယ်။

play

 

ရှုပ်ပွနေတဲ့ ပတ်ဝန်းကျင်ထဲမှာရှိခြင်း၊ ထိန်းချုပ်မရဘူး ဆိုတဲ့ခံစားမှုကို ရရှိခြင်းတွေက အမျိုးသမီးတွေကို ဒီလိုမျိုးသရေစာစားမှုဆီကို ရောက်ရှိသွားစေတာလို့ သုတေသနကို ဦးဆောင်လေ့လာခဲ့သူ သြစတြေးလျနိုင်ငံ New South Wales တက္ကသိုလ်မှလန်နီဗာတန်နီးယန်းက ပြောထားပါတယ်။

အမျိုးသားတွေမှာတော့ ဒီလိုအခြေအနေမျိုးရှိမယ်ဆိုတာကို သံသယရှိတယ်လို့လည်း သူက ပြောထားပါတယ်။ အဆိုပါသုတေသနမှာ အမျိုးသမီးပေါင်း တစ်ရာကျော်ကို အုပ်စုခွဲကာ လေ့လာခဲ့တာဖြစ်ပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ