Health: ခံတွင်းနံ့ဆိုးတာ အမြန်ဆုံးပျောက်ဖို့ ဆရာဝန်တွေ ထောက်ခံထားတဲ့ အချက် (၄) ချက်

ပီကေစားတာ၊ ခံတွင်းသန့်ဆေးရည် သုံးတာတွေဟာ ခံတွင်းနံ့ဆိုးတာကို ယာယီပဲ သက်သာစေပါတယ်။

play

 

ခံတွင်းနံ့ ဆိုးတဲ့အခါ ပီကေတစ်ခုခု ကောက်ဝါးလိုက်တာမျိုး၊ LISTERINE အမှတ်တံဆိပ်လို ခံတွင်းသန့်ဆေးရည် အသုံးပြုလိုက်တာမျိုးဟာ ပြဿနာကို ယာယီသာ ဖြေရှင်းနိုင်ပါတယ်။ မကြာခဏ ခံတွင်းနံ့ ထွက်တတ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတယ်ဆိုပြီး အောက်ပါအချက်တွေ လိုက်လုပ်ကြည့်ဖို့ သွားဆရာဝန်တွေကိုယ်တိုင် အကြံပြုထားပါတယ်။

၁။ လျှာကို ဆေးကြောခြင်း

play

 

သွားတိုက်တဲ့အခါ သွားနဲ့ သွားဖုံးတွေသာမက လျှာကိုလည်း သေသေချာချာ တိုက်သင့်ပါတယ်။ ဘက်တီးရီးယားတွေဟာ လျှာပေါ်မှာလည်း ရှိတတ်လို့ပါ။

၂။ ရေများများသောက်

play

 

ရေများများ သောက်ဖို့ လိုပါတယ်။ ရေဓာတ်ခမ်းခြောက်လာတဲ့အခါ ခံတွင်းခြောက်ကပ်ပြီး ဘက်တီးရီးယားတွေ များလာတတ်ပါတယ်။ ကော်ဖီ၊  အရက်နဲ့ ဆေးလိပ်တွေကလည်း ခံတွင်းခြောက်စေတတ်ပါတယ်။

၃။ စားပြီးတိုင်း သွားတိုက်

play

 

ဘာပဲစားစား စားပြီးတိုင်းသွားတိုက်နိုင်ရင် အကောင်းဆုံးပါပဲ။ သွားကြားတွေထဲမှာ အစားသောက် ကြွင်းကျန်တွေ ကပ်မနေရင် ခံတွင်းနံ့ထွက်ဖို့ မလွယ်ကူတော့ပါဘူး။

၎။ အခြား

play

 

ဒါတွေ လုပ်ကြည့်လို့ မထူးခြားရင်တော့ သင့်မှာ အခြားခံတွင်းရောဂါတစ်ခုခု ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီအခါကျရင်တော့ ဆရာဝန်ဆီ သွားသင့်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ