Health: အရက်မသောက်ဖို့ ထိန်းချုပ်တာထက် အရက်လုံးဝဖြတ်လိုက်တာက ပိုလွယ်

အရက်ဖြတ်နည်းလမ်းတွေနဲ့ မဆိုင်ပါဘူး။

 

အရက်မသောက်ဖို့ ထိန်းချုပ်တာဟာ အရက်ဖြတ်တာထက် ပိုခက်တယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။ အရက်သောက်ဖို့ ထိန်းချုပ်တာနဲ့ သောက်တဲ့ပဏာမ လျှော့ချတာတွေဟာ လုံးဝမသောက်တာထက် အောင်မြင်နိုင်ခြေနည်းပါတယ်လို့ ဆွီဒင်နိုင်ငံ Gothenburg တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

 

သုတေသနဟာ လူပေါင်းနှစ်ရာကျော်ကို ၂ နှစ်ခွဲကျော် လေ့လာခဲ့တာဖြစ်ပြီး လုံးဝရှောင်ကြဉ်ဖို့ သတ်မှတ်လိုက်သူ ၉၀ ရာခိုင်နှုန်းဟာ အောင်မြင်ကြပြီး ထိန်းချုပ်ရုံသက်သက်ဆုံးဖြတ်သူတွေကတော့ ၅၀ ရာခိုင်နှုန်းလောက်ပဲ အောင်မြင်ကြတာ ဖြစ်ပါတယ်။

အရက်ဖြတ်နည်းလမ်းတွေ၊ ရည်မှန်းချက်တွေနဲ့ မဆိုင်ဘဲ ထိန်းချုပ်သူတွေဟာ သတ်မှတ်ထားချက်ကို လိုက်နာဖို့ ပိုခက်ခဲတာဖြစ်တယ်လို့ သုတေသနကို ပြုလုပ်ခဲ့တဲ့ တွဲဖက်ပါမောက္ခ ဘာဂလန်က ပြောကြားထားပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ