Health: ထိခိုက်ဒဏ်ရာရတဲ့အခါ သွေးအမြန်တိတ်စေမယ့် နည်းလမ်း (၃) ခု

, updated

မတော်တဆဖြစ်သူတွေ ၃၅ ရာခိုင်နှုန်းလောက်က ဆေးရုံကိုမရောက်မီမှာ သွေးထွက်လွန်ခဲ့ရာက သေဆုံးနေကြရတာပါ။

play

 

မတော်တဆ ထိခိုက်ဒဏ်ရာရတဲ့အခါ သွေးထွက်လွန်ရာကနေ မလိုအပ်ဘဲ အသက်ဆုံးရှုံးရတာမျိုးတွေမဖြစ်အောင် ဂရုစိုက်ရပါမယ်။ မှားယွင်းတဲ့နည်းလမ်းတွေနဲ့ သွေးမထွက်အောင် ပြုလုပ်မယ့်အစား ဆရာဝန်တွေ လမ်းညွှန်ပေးထားတဲ့ သွေးအမြန်တိတ်နည်းတွေကို သုံးသင့်ပါတယ်။

၁။ စစ်ဆေးပါ

ဒဏ်ရာရတဲ့နေရာကို သေသေချာချာစစ်ပါ။ အင်္ကျီစတွေဖုံးနေရင်လည်း ဖယ်ရှားထားရပါတယ်။ တစ်ခုခု စိုက်ဝင်တာမျိုးဆိုရင်လည်း ဖယ်လို့ရရင် ဖယ်ထုတ်ထားပါ။ အရမ်းကြီးမားတာမျိုး၊ အနာနဲ့ချိတ်ဆက်နေတာမျိုးဆိုရင်တော့ မဖယ်ပါနဲ့။

play

 

၂။ ဖိအား

သွေးအဓိကထွက်တဲ့နေရာကို ဖိထားပေးရင် သွေးထွက်လွန်တာ သက်သာစေပါတယ်။ ပတ်တီးစည်းနည်းသိထားမယ်ဆိုရင် အကောင်းဆုံးပါပဲ။

play

 

၃။ မြှောက်ထားပါ

ဒဏ်ရာရတဲ့ အစိတ်အပိုင်းကို မြှောက်ထားပါ။ ခြေထောက်မှာဖြစ်တယ်ဆိုရင် ခြေထောက်မကျိုးပါက ခပ်မြှင့်မြှင့်မြှောက်ထားပေးရမှာဖြစ်ပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ