Health: ကလေးတွေနားမှာ ဆေးလိပ်လုံးဝမသောက်သင့်တဲ့ အကြောင်းအရင်း

ဆေးလိပ်ကုန်ခါနီးမှာ ထွက်လာတဲ့ မီးခိုးငွေ့ဟာ အဆိပ်ပြင်းဆုံးဖြစ်ပါတယ်။

 

ဆေးလိပ်ငွေ့ထိတွေ့ရတဲ့ ကလေးတွေဟာ အသက်ရှုလမ်းကြောင်းနဲ့ အခြားကျန်းမာရေးပြဿ     နာတွေအပြင် နှလုံးနဲ့ ဆိုင်တဲ့ ရောဂါတွေ ရေရှည်ဖြစ်နိုင်တယ်လို့ သိရပါတယ်။

စီးကရက်မီးခိုးနဲ့ ထိတွေ့ရတဲ့ ကလေးတွေဟာ သွေးကြောတွေ အလုပ်လုပ်မှု မကောင်းတာကြောင့် အသက်ကြီးချိန်အစောပိုင်းမှာပဲ နှလုံးရောဂါဖြစ်ပွားလာတာဖြစ်တယ်လို့ သိရပါတယ်။ ဆေးလိပ်ကုန်ခါနီးမှာ ထွက်လာတဲ့ မီးခိုးငွေ့ဟာ အဆိပ်ပြင်းဆုံးဖြစ်ပြီး ကလေးတွေရဲ့ သွေးကြောတွေကို ဖျက်ဆီးလိုက်တာ ဖြစ်ပါတယ်။

 

သုတေသနကို အမေရိကန်နိုင်ငံ မစ်ဆိုရီပြည်နယ် ကလေးဆေးရုံတစ်ခုက ပြုလုပ်ခဲ့တာဖြစ်ပြီး မိခင်ဝမ်းဗိုက်ထဲမှာ ဆေးလိပ်ငွေ့ပြင်းထန်စွာရရှိတဲ့ ကလေးတွေဟာ ကိုယ်ဝန်ဆောင်ကာလမှာတင် သေဆုံးနိုင်တယ်လို့ သုတေသနကို ပြုလုပ်ခဲ့သူ ကလေးနှလုံးအထူးကုဆရာဝန် ဂီတာ ရက်ဂူဗီက ပြောကြားထားပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ