Health: ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကြောင်တွေနဲ့ လက်ပွန်းတတီး မနေသင့်

မွေးဖွားလာတဲ့ ကလေးတွေမှာ ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာတာဖြစ်ပါတယ်။

play

 

ကိုယ်ဝန်ဆောင်အမျိုး သမီးတွေအနေနဲ့  ကြောင်တွေနဲ့ လက်ပွန်းတတီးနေခြင်းဟာ  ကျန်းမာရေးဆိုးကျိုးတွေ ကြုံနိုင်တာကြောင့် သတိပြုဖို့လိုအပ်တယ်လို့ သိရပါတယ်။

ကြောင်မစင်မှာပါတဲ့ ကပ်ပါးပိုး (Toxoplasmosis) နဲ့  ကိုယ်ဝန်ဆောင်မိခင်တွေ ထိတွေ့မိရင်  ကိုယ်ဝန်နုတုန်းမှာ  ကလေးပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း၊ မွေးဖွားလာတဲ့ ကလေးမှာ  အမြင်အာရုံချို့ယွင်းခြင်းတွေ ဖြစ်နိုင်တာကြောင့် ဂရုစိုက်ဖို့ လိုအပ်တာ ဖြစ်တယ်လို့ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်က ပြောကြားထားတာ ဖြစ်ပါတယ်။ 

ကိုယ်ဝန်ဆောင်မိခင်က ကြောင်ကို ချီပွေ့တာတွေ၊ လက်မဆေးဘဲ အစာစားတာတွေကနေ   ရောဂါပိုးပါတဲ့မစင်တွေ မိခင်ရဲ့ ခန္ဓာကိုယ်ထဲကတစ်ဆင့် ကလေးဆီရောက်ပြီး ကလေးကို ထိခိုက်တာတွေ ရှိလာနိုင်တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါကပ်ပါးပိုးကူးစက်ခံထားရပေမဲ့ အများစုမှာ  ရောဂါလက္ခဏာ မပြတတ်ဘဲ မွေးဖွားလာတဲ့ ကလေးတွေမှာ ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာတာလည်း ဖြစ်ပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ