Health: အသက်ရှည်ဖို့ ပုံမှန်စားပေးသင့်တဲ့ အစားအစာ (၅) မျိုး

, updated

သာမန်လူတွေထက် အသက်ရှည်ဖို့ အကောင်းဆုံးနည်းလမ်းဟာ နေထိုင်စားသောက်မှုပုံစံ ထိန်းထားဖို့ပါပဲ။

play

 

အသက် ရှည်ရှည်နေနိုင်ဖို့ အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ သင့်ရဲ့နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲလိုက်ဖို့ပါပဲ။ လူ့သက်တမ်းဟာ ပြင်ပ ပယောဂတစ်စုံတစ်ရာ မပါခဲ့ရင် ဘယ်လိုနေထိုင်စားသောက်လဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး အသက်ရှည်လေ့၊ တိုလေ့ရှိပါတယ်။

လူတိုင်းကို ပုံမှန်ထက် အသက်ပိုရှည်စေမယ့် အစားအစာ (၅) မျိုးကို အခုလို အကြမ်းဖျင်းခွဲထားပါတယ်။

၁။ အခွံမာသီးများ

play

 

သစ်ကြားသီး၊ မက်မွန်သီး စတဲ့ အခွံမာသီးတွေကို ပုံမှန်စားသုံးလေ့ ရှိသူတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်မှုကို လျှော့ချနိုင်ပါတယ်။

၂။ ကစီဓာတ်နည်းသော အစားအစာများ

play

 

 ဖြူဖွေးနေအောင် အရောင်ချွတ်မထားတဲ့ အစားအသောက်တွေကလည်း (ဥပမာ ပေါင်မုန်ကြမ်း) ကလည်း နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။ ကစီဓာတ်သိပ်မပါဝင်တဲ့ အစားအသောက်မျိုးတွေဟာ အသက်ရှည်စေတဲ့ အဓိကအချက်ပါ။

၃။ အစပ်

play

 

အစပ်စားသူတွေဟာ ပုံမှန်ထက်ပိုပြီး အသက်ရှည်လေ့ရှိတယ်ဆိုရင် အံ့သြမသွားပါနဲ့။ တရုတ်အမျိုးသမီး၊ အမျိုးသား လေးသိန်းခွဲကို လေ့လာခဲ့မှုအရ ပုံမှန်အစပ်စားသူတွေဟာ အစပ်မစားသူတွေထက် အသက်ရှည်ကြကြောင်း တွေ့ရတယ်။ အလွန်အကျွံတော့ မစားသင့်ပါဘူး။

၎။ ပင်လယ်ရေညှိ/ ကျောက်ပွင့်

play

 

ဂျပန်တွေ အသက်ရှည်ရခြင်းရဲ့ အဓိက အချက်ဟာ ဒီအစားအစာတွေဖြစ်ပါတယ်။ ရေညှိလို အစားအစာမျိုးတွေဟာ ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

၅။ ငါး

play

 

အခြား အသားတွေထက်စားရင် ငါးတွေ စားသုံးမှုကလည်း အသက်ပိုရှည်ပြီး ကျန်းမာရေး ကောင်းစေပါတယ်။ အထူးသဖြင့် ပင်လယ်ငါးတွေစားတာ ပိုကောင်းပါတယ်။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ