Health: ကြောင်များကို ပွေ့ဖက်ခြင်းက ရလာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးများ

ကြောင်များနဲ့ လက်ပွန်းတတီးနေခြင်းဟာ ထင်ထားတာထက်ပိုပြီး ကျန်းမာရေး အန္တရာယ် ရှိပါတယ်။

play

 

ကြောင်တွေကို ပွေ့ဖက်နမ်းရှုတ်ခြင်းဟာ လူတွေအတွက် အန္တရာယ်ရှိစေရုံသာမက အခန့်မသင့်ရင် အသက်သေဆုံးခြင်းတောင် ဖြစ်စေနိုင်တယ်လို့ သုတေသီတွေက သတိပေးလိုက်ပါတယ်။

play

 

ကြောင်များကို နမ်းရှုတ်ပွေ့ဖက်ခြင်းဟာ ကြောင်ထံက ရောဂါတွေ ကူးစက်နိုင်တယ်လို့ အကြမ်းဖျင်းသိထားကြပါတယ်။ ကြောင်တွေထံမှာ ရှိနေတတ်တဲ့ ဘက်တီးရီးယား ရောဂါပိုးတွေကို လူသားတွေဆီ အလွယ်တကူရောက်နိုင်ပြီး ပိုမိုပွားများဖို့ ရာနှုန်းများတာကြောင့် ထင်ထားတာထက် ပိုပြီးအန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။

ကြောင်တွေဆီက ကူးနိုင်တဲ့ ရောဂါပိုးတွေဟာ လူသားတွေကို အားနည်းစေပြီး နေထိုင်မကောင်းဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ သာမန်ကူးစက်နိုင်ရုံတင်မဟုတ်ဘဲ ကြောင်ကုတ်ခံရတာ၊ အကိုက်ခံရတာကြောင့်လည်း ရောဂါပိုးတွေ ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။

play

 

အမေရိကန်မှာရှိတဲ့ ရောဂါထိန်းချုပ် ကာကွယ်ရေးစင်တာက သုတေသီတွေ သတိပေးထားတာဖြစ်ပြီး အထူးသဖြင့် ကြောင်တွေကို ပါးစပ်နား လုံးဝမကပ်ဖို့ ပြောထားပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ