Health: တီဗွီကြည့်တဲ့ကလေးတွေက စာဖတ်တဲ့ ကလေးတွေနဲ့ယှဉ်ရင် တီထွင်နိုင်စွမ်းလျော့ကျနိုင်

ကလေးတွေဟာ ကိုယ်ပိုင်အတွေးအခေါ်အယူအဆမျိုး ရုတ်တရက် ပျောက်သွားတယ်လို့ သိရပါတယ်။

play

တီဗွီကြည့်တဲ့ကလေးတွေဟာ စာအုပ်ဖတ်တဲ့ကလေးတွေနဲ့ယှဉ်ရင် တီထွင်နိုင်စွမ်း နည်းပါးလာနိုင်ခြေရှိတယ်လို့ သိရပါတယ်။ သုတေသနတစ်ခုရဲ့ ဖော်ပြချက်အရ ၁၅ မိနစ်နဲ့ ၁၅ မိနစ်အထက် တီဗွီကြည့်တဲ့ကလေးတွေဟာ စာအုပ်ဖတ်တဲ့ကလေးတွေ၊ jigsaw ဆော့တဲ့ကလေးတွေနဲ့ နှိုင်းယှဉ်ရင် တီထွင်နိုင်တဲ့စိတ်ကူးတွေ နည်းပါးနိုင်ခြေရှိတာ ဖြစ်ပါတယ်။

သုတေသနကို ဗြိတိန်မှ Staffordshire တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး တီဗွီကြည့်ပြီးတဲ့အခါမှာ ကလေးတွေဟာ ကိုယ်ပိုင်အတွေးအခေါ်အယူအဆမျိုး ရုတ်တရက် ပျောက်သွားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီလိုပျောက်ဆုံးမှုဟာ ခဏပဲဖြစ်တယ်လို့ သုတေသနကို ပြုလုပ်ခဲ့သူ ကထိက ဆာရာရို့စ်က ပြောထားပါတယ်။

ဒါပေမဲ့ အချိန်ကြာလာတဲ့အခါမှာ ကလေးတွေရဲ့တိုးတက်မှုကို ထိခိုက်စေတယ်လို့ သူမက ဆိုပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ