Health: လက်ပတ်နာရီဓာတ်ခဲကို ကလေးတွေနားမှာ လုံးဝမထားသင့်တဲ့ အကြောင်းအရင်း

ခြောက်နှစ်အောက် ကလေးတွေဟာ အန္တရာယ်အရှိနိုင်ဆုံး ဖြစ်တယ်လို့လည်း သိရပါတယ်။

play

 

လက်ပတ်နာရီဓာတ်ခဲတွေကို ကလေးငယ်တွေနားမှာ လုံးဝမထားသင့်ပါဘူး။ မျိုချမိတဲ့အခါမှာ အသက်ရှုကြပ်နိုင်သလို အစာအိမ်ရေမျိုကိုပါ လောင်ကျွမ်းသွားစေနိုင်တာ ဖြစ်ပါတယ်။ Daily Mail ရဲ့ သတင်းတစ်ရပ်မှာတော့ ဆေးရုံအချို့မှာ ဓာတ်ခဲမျိုမိတဲ့ကလေးတွေကို ကုသပေးရမှုဟာ မြင့်တက်လာပြီး မန်ချက်စတာမှာ ကလေးနှစ်ယောက် ဓာတ်ခဲမျိုချတာကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

play

 

လက်ပတ်နာရီဓာတ်ခဲဟာ သေးတာကြောင့် အလွယ်တကူထားနိုင်ပြီး ကလေးတွေကလည်း အလွယ်တကူမျိုချမိနိုင်ပါတယ်။ မျိုချမိတဲ့အခါမှာလည်း ကလေးရဲ့အစာအိမ်ရေမျိုမှာ တင်နေနိုင်ပြီး လောင်ကျွမ်းနိုင်တာဖြစ်ပါတယ်။ လက်ပတ်နာရီ ဓာတ်ခဲနဲ့ပတ်သက်လို့ ခြောက်နှစ်အောက် ကလေးတွေဟာ အန္တရာယ်အရှိနိုင်ဆုံး ဖြစ်တယ်လို့လည်း သိရပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ