Health: နှစ်ခြိုက်စွာအိပ်ပျော်ပြီး လန်းဆန်းစွာ နိုးထစေမယ့် အသုံးအဆောင်ပစ္စည်း (၄) မျိုး

, updated

အိပ်ရေးမဝလို့၊ အိပ်မပျော်လို့ စတဲ့ဒုက္ခတွေကို ရင်ဆိုင်နေရသူတွေအတွက် ဒီပစ္စည်းလေးတွေက တကယ်အသုံးတည့်မှာပါ။

play

 

နည်းပညာ ထွန်းကားလာတဲ့ ဒီနေ့ခေတ်မှာတော့ လူနေမှု ပုံစံအမျိုးမျိုးကို ပိုကောင်းအောင် ကူညီမယ့် Gadget ပစ္စည်းလေးတွေ ထွက်ပေါ်လာတာ အားလုံးအသိပါ။ အဲဒီထဲမှာ အိပ်ရေးဝဝ အိပ်စက်နိုင်ဖို့ ဖန်တီးပေးမယ့် နည်းပညာ Gadgetလေးတွေလည်း ရှိကြပါတယ်။

၁။ Go to Sleep and Wake Mask (တန်ဖိုး - ဒေါ်လာ ၄၀ ခန့်)

play

 

အဲဒီပစ္စည်းလေးဟာ စတင်အိပ်စက်ချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားစေမယ့် အလင်းဖျော့ဖျော့ကို လွှတ်ပေးပါတယ်။ နိုးသင့်တဲ့ အချိန်ဆိုရင်လည်း တောက်ပတဲ့ အလင်းကို တဖြည်းဖြည်းချင်း မြှင့်တင်ပေးတာကြောင့် ကြည်ကြည်လင်လင် သက်တောင့်သက်သာ အိပ်ရာနိုးစေမှာပါ။

၂။ UP3 by JawBone (တန်ဖိုး - ဒေါ်လာ ၁၃၀ ဝန်းကျင်)

play

 

ဒီလက်ပတ်လေးဟာ ပတ်ဝန်းကျင် အနေအထား၊ အလင်းအမှောင် အစရှိတာတွေကို ထောက်လှမ်းသိရှိပြီး အကောင်းဆုံး အနားယူ အိပ်စက်နိုင်မယ့် အခြေအနေကို ပြောင်းလဲနိုင်ဖို့ လိုအပ်တဲ့ အချက်အလက်တွေကို ဖော်ပြပေးပါတယ်။

၃။ Hush Smart Earplug (တန်ဖိုး - ဒေါ်လာ ၁၅၀ ခန့်)

play

 

Hushရဲ့ စမတ်နားကြပ်လေးတွေကတော့ ဘယ်လောက်ဆူဆူ၊ ဘယ်လိုဆူဆူ အေးရာအေးကြောင်း အိပ်စက်နိုင်အောင် ကူညီပေးပါမယ်။ လိုအပ်ရင် ချော့မြှူတေးဆန်ဆန် သာယာနာပျော်ဖွယ် အသံချိုချိုလေးတွေ ခပ်တိုးတိုး ထုတ်လွှတ်ပြီး ချော့သိပ်ဦးမှာပါ။ ပြီးတော့ မိုဘိုင်း Appတစ်ခု အသုံးပြုပြီး ဘယ်လိုအသံမျိုးကို ကိုယ်က ရွေးချယ်ချင်သလဲ ဆိုတာကိုလည်း ဆုံးဖြတ် ခိုင်းစေနိုင်ပါသေးတယ်။

၎။ Nox Sleep Light (တန်ဖိုး - ဒေါ်လာ ၁၅၀ ဝန်းကျင်)

play

 

အိပ်ရာဘေးမှာ ထားအိပ်ရမယ့် မီးအိမ်လေးဖြစ်ပြီး သဘာဝကျကျ ညင်ညင်သာသာ နိုးပေးမဲ့ နှိုးစက်လေးလည်း ဖြစ်ပါတယ်။ ဒီမီးအိမ်လေးနဲ့ ဆက်စပ်မယ့် ပစ္စည်းတစ်ခုကိုတော့ ခုတင်ခေါင်းရင်းမှာ ထားရပါမယ်။ အဲဒီကိရိယာက လူတွေရဲ့ အိပ်စက်မှု အနေအထားကို အာရုံခံ ထောက်လှမ်းပြီး မှတ်တမ်းယူ စုဆောင်းမှာပါ။ အိပ်ရေးဝလောက်ပြီဆိုတဲ့ အခြေအနေမှာတော့ မီးအိမ်နဲ့ ချိတ်ဆက်ပြီး သဘာဝကျကျ နိုးထစေဖို့ လုံလောက်တဲ့ မီးအလင်းရောင်နဲ့ အသံတွေကို အလိုအလျောက် ချိန်ညှိပြီး ထွက်ပေါ်စေပါတယ်။ အိပ်စက်နေချိန်မှာလည်း ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်မယ့် အနီရောင် အလင်းလှိုင်းလေးတွေနဲ့ ချော့မြှူသလို သီချင်းသံလေးတွေလည်း မီးအိမ်ကနေ ထုတ်လွှင့်ပေးနေမယ်လို့ ဆိုပါတယ်။

Source : 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ