Health: မျက်စိအား ကောင်းစေမယ့် သဘာဝနည်း (၇) နည်း

အိပ်ရေးမဝခြင်းဟာ မျက်လုံးညောင်းညာမှုတွေကိုပါ ဖြစ်စေပါတယ်။

play

 

၁ - အသီးနဲ့ ဟင်းသီးဟင်းရွက်

အသီးအရွက်တွေကတော့ နေ့စဉ် ထမင်းဝိုင်းမှာ ထည့်သွင်းစားသုံးပေးရမှာ ဖြစ်ပါတယ်။

၂ - ငါး

ငါးမကြိုက်တဲ့လူတွေအတွက်တော့ ငါးကြီးဆီ စားပေးသင့်ပါတယ်။ ငါးမှာပါတဲ့ အိုမီဂါ ဖက်တီးအက်ဆစ်ဟာ မျက်လုံးကျန်းမာရေးအတွက် များစွာ အထောက်အကူဖြစ်ပါတယ်။

၃ - ခန္ဓာကိုယ်

play

 

ကျန်းမာတဲ့ ခန္ဓာကိုယ်လည်း ရှိသင့်ပါတယ်။ လှုပ်ရှားတက်ကြွမှုနည်းပြီး အဝလွန်တဲ့ခန္ဓာကိုယ်ဟာ မျက်လုံးကျန်းမာရေးကိုပါ ထိခိုက်နိုင်ပါတယ်။

၎ - ဆေးလိပ်

ဆေးလိပ်သောက်ခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ မကဘူး မျက်လုံးကိုပါ ထိခိုက်နိုင်ပါတယ်။

၅ - နေရောင်

play

 

မျက်လုံးကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တာကို ကာကွယ်ပါ။ နေပူထဲ အမြဲသွားရသူဆို မျက်မှန် ဆောင်ထားတာမျိုး၊ ဦးထုပ်ဆောင်းတာမျိုး လုပ်သင့်ပါတယ်။ နေပူထဲရောက်တာနဲ့ ထီးဆောင်းသင့်ပါတယ်။

၆ - မျက်လုံး

မနက်တိုင်း မျက်နှာနဲ့ မျက်လုံးကို ရေနဲ့ ၁၀ မိနစ် ၁၅ မိနစ်ကြာအောင် ဆွတ်ပေးပါ။ ညနေလည်း ထိုအတိုင်း လုပ်သင့်ပါတယ်။

၇ - အိပ်ပါ

play

 

လုံလောက်တဲ့ အိပ်စက်မှုရှိသင့်ပါတယ်။ အိပ်ရေးမဝခြင်းဟာ မျက်လုံးညောင်းညာမှုတွေကိုပါ ဖြစ်စေပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ