Health: ဝိတ်မကျခြင်းဟာ မျိုးဗီဇနဲ့ မဆိုင်

အစားအသောက်ဆင်ခြင်ခြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုရှိခြင်းဟာ ဝိတ်ကျဖို့ အထောက်အကူဖြစ်တယ်

play

 

ဝိတ်မကျခြင်းဟာ မျိုးဗီဇနဲ့ မသက်ဆိုင်ဘူးလို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။ မျိုးဗီဇကြောင့် ဝနိုင်ပေမဲ့ ဝိတ်ကျခြင်းကိုတော့ အဆိုပါ မျိုးရိုးဗီဇက တားဆီးနိုင်ခြင်းမရှိတာ ဖြစ်ပါတယ်။ ဝခြင်းနဲ့သက်ဆိုင်တဲ့ မျိုးဗီဇ ဖြစ်တဲ့ FTO ဂျင်း(gene)ရှိသူဟာ  သာမန်ထက် ၃ ကီလိုလောက်ပိုဝနိုင်ပြီး အဝလွန်နိုင်ခြေ ၇၀ ရာခိုင်နှုန်းရှိတာဖြစ်ပါတယ်။ ဒါပေမဲ့ FTO ဂျင်းရှိသူတွေဟာ ဝိတ်ချတဲ့နေရာမှာတော့ အခြားလူတွေလိုချနိုင်ပြီး သက်ရောက်မှုမရှိတာ ဖြစ်ပါတယ်။

play

 

သုတေသနကို ဗြိတိန်မှ Newcastle  တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး မျိုးဗီဇကို အပြစ်တင်လို့ မရတော့ဘဲ အစားအသောက်ဆင်ခြင်ခြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုရှိခြင်းဟာ ဝိတ်ကျဖို့ အထောက်အကူဖြစ်တယ်လို့ ဦးဆောင်လေ့လာခဲ့သူ ပါမောက္ခဂျွန်မက်တာက ပြောကြားထားပါတယ်။  အဆိုပါတွေ့ရှိချက်ဟာ အသက်အရွယ်နဲ့ ယောကျာ်းမိန်းမကွဲပြားခြင်းမရှိဘူးလို့လည်း သုတေသနမှာ ဖော်ပြထားပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ