play

 

အိမ်တွင်းမှာ ဆေးလိပ်သောက်တဲ့အခါ စီးကရက်ငွေ့မှာ ပါဝင်တဲ့ ဓာတုဗေဒပစ္စည်းတွေဟာ အိမ်တွင်းပစ္စည်းတွေမှာ ခြောက်လလောက် ကျန်ရှိနေပါတယ်။ 

 San Diego ပြည်နယ်တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ အိမ်ရဲ့နံရံ၊ ဆိုဖာ၊ ကော်ဇောနဲ့ စတဲ့ ပစ္စည်းတွေမှာ ဆေးလိပ်ငွေ့ဓာတုဗေဒပစ္စည်းတွေဟာ ကျန်ရှိနေတာ ဖြစ်ပါတယ်။ သုတေသနဟာ ဆေးလိပ်ဖြတ်တော့မယ့် လူပေါင်း ၉၀ ကို လေ့လာခဲ့တာဖြစ်ပြီး ဆေးလိပ်ဖြတ်ပြီးနောက် ၆ လအကြာမှာ အဆိုပါလူတွေရဲ့ အိမ်ကို သွားရောက်သုတေသနပြုခဲ့တာဖြစ်ပါတယ်။

play

 

နံရံ၊ ကြမ်းပြင်နဲ့စတဲ့ နေရာတွေ အပါအဝင် နေထိုင်သူတွေရဲ့ဆီးကိုပါ ရယူ သုတေသနပြုခဲ့တာဖြစ်ပြီး ဆေးရွက်ကြီးနဲ့ သက်ဆိုင်တဲ့ ဓာတုပစ္စည်းတွေကို တွေ့ရှိခဲ့ပါတယ်။ ကြမ်းပြင်က ဖုန်မှုန်တွေကနေ တွေ့ရရှိရတဲ့ နီကိုတင်းဓာတ်ဟာ စိုးရိမ်စရာအကောင်းဆုံးဖြစ်ပြီး ၆ လအကြာမှာတောင် နီကိုတင်းအဆင့်ဟာ ပြောင်းလဲခြင်းမရှိဘူးလို့ သိရပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video