Health: မျက်လုံးကျန်းမာရေးအတွက် ကောင်းတဲ့ နှမ်း

မျက်လုံးနားတစ်ဝိုက်ကို နှမ်းဆီနဲ့ နှိပ်ပေးခြင်းဟာ မျက်လုံးတစ်ဝိုက်သွေးလျှောက်မှုကို မြင့်တက်စေပါတယ်။

 

အမြင်အာရုံပြဿနာဟာ အသက်ကြီးတာနဲ့အမျှ ဖြစ်ပေါ်နိုင်ခြေပိုများလာရုံသာမက ကွန်ပျူတာသုံးပြီး မျက်လုံးအားစိုက်ရတဲ့ ယနေ့ခေတ်လူငယ်တွေမှာပါ ဖြစ်လာပါတယ်။ အမြင်အာရုံတွေ ချို့ယွင်းရတဲ့ အဓိကအကြောင်းအရင်းတစ်ခုဟာ စားသောက်မှုပုံစံ မျှတမှုမရှိတာကြောင့် ဖြစ်ပါတယ်။

 

နှမ်းနဲ့ နှမ်းဆီဟာ အမြင်အာရုံချို့ယွင်းမှုကနေ ကာကွယ်ပေးရုံတင်မကဘဲ ခန္ဓာကိုယ်က အခြားဆဲလ်တွေ ယို့ယွင်းခြင်းကိုလည်း ကာကွယ်ပေးပါတယ်။  နှမ်းဆီမှာ ပါဝင်တဲ့ Omega 6 Fatty Acids  ကြောင့်ဖြစ်ပြီး  flavonoid နဲ့ phenolic antioxidants လို သက်စောင့်ဓာတ်တွေလည်း ပါဝင်တာဖြစ်ပါတယ်။

မျက်လုံးနားတစ်ဝိုက်ကို နှမ်းဆီနဲ့ နှိပ်ပေးခြင်းဟာ မျက်လုံးတစ်ဝိုက်သွေးလျှောက်မှုကို မြင့်တက်စေပါတယ်။ မျက်ကွင်းညိုတာမျိုးနဲ့ မျက်အိတ်တွဲတာမျိုးကိုလည်း ကာကွယ်ပေးပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ